Mulan ရုပ်ရှင်ဇာတ်ကားမှာပါဝင်ခဲ့တဲ့ စတန့်မင်းသမီးလေးဟာ သူမရဲ့ရုပ်ရည်သွင်ပြင်ကြောင့် အတော်လေးကိုနာမည်ကြီးနေ

Mulan ရုပ်ရှင်ဇာတ်ကားမှာပါဝင်ခဲ့တဲ့ စတန့်မင်းသမီးလေးဟာ သူမရဲ့ရုပ်ရည်သွင်ပြင်ကြောင့် အတော်လေးကိုနာမည်ကြီးနေ

မကြာသေးခင်က Mulan ဇာတ်ကာရဲ့ ခေါင်းဆောင်မင်းသမီး Liu Yifei ရဲ့ စတန့်နေရာမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ စတန့်မင်းသမီးလေးဟာ သူမရဲ့ရုပ်ရည်သွင်ပြင်ချောမောလှပမှုကို ပရိသတ်တွေသတိထားမိခဲ့ပြီးနောက် အင်တာနက်ပေါ်မှာအတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။

စတန့်မင်းသမီးဖြစ်တဲ့ Liu Yaxi ဟာ Mulan ဝတ်စုံတွေနဲ့ရိုက်ယူထားတဲ့သူမရဲ့ဓာတ်ပုံတွေကို Weibo မှာဝေမျှခဲ့ပြီးနောက် လူအတော်အများရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပြီး မကြာခင်မှာပဲသူမရဲ့ဓာတ်ပုံတွေကို ပြန်ဖျက်ပစ်ခဲ့ပါတယ် ။ ဓာတ်ပုံအတော်များများမှာလည်းသူမဟာ ခေါင်းဆောင်မင်းသမီး Liu Yifei နဲ့ အတော်လေးရင်းနှီးပုံရပြီး Mulan ဇာတ်ကားမှာ စတန့်မင်းသမီးအနေနဲ့ပါဝင်ခွင့်ရလို့ သူမဘယ်လောက်တောင် ဂုဏ်ယူမိလည်းဆိုတာကိုပါရေးသားခဲ့ပါတယ် ။Weibo post မှာလည်း ‘ အစ်မ Yifei က သေလောက်အောင်ကိုလှတယ် ‘ ဆိုပြီးတော့ပါ ရေးသားထားပါသေးတယ် ။

ပရိသတ်အတော်များများကသူမရဲ့ရုပ်ရည်လှပမှုကိုတွေ့ရှိခဲ့ပြီးနောက် သူမလည်း star တစ်ယောက်ဖြစ်သင့်တယ်ဆိုပြီး သူမဘက်ကနေ ရပ်တည်လာခဲ့ကြပါတော့တယ် ။သူမဟာ အတော်လေးကိုထူးချွန်စတန့်မင်းသမီးတစ်ယောက်ဖြစ်ပေမဲ့လည်း Mulan ဇာတ်ကားရဲ့ ရုပ်ရှင်ရိုက်ကူးရေးပညာရှင် Mandy Walker ရဲ့ပြောပြချက်အရ
ခေါင်ဆောင်မင်းသမီး Liu Yifei ကိုယ်တိုင်က စတန့် 90% လောက်ကို သူမကိုယ်တိုင် သရုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ် ။

ZawGyi

Mulan ႐ုပ္႐ွင္ဇာတ္ကားမွာပါဝင္ခဲ့တဲ့ စတန္႔မင္းသမီးေလးဟာ သူမရဲ႕႐ုပ္ရည္သြင္ျပင္ေၾကာင့္ အေတာ္ေလးကိုနာမည္ႀကီးေန

မၾကာေသးခင္က Mulan ဇာတ္ကာရဲ႕ ေခါင္းေဆာင္မင္းသမီး Liu Yifei ရဲ႕ စတန္႔ေနရာမွာပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ စတန္႔မင္းသမီးေလးဟာ သူမရဲ႕႐ုပ္ရည္သြင္ျပင္ေခ်ာေမာလွပမႈကို ပရိသတ္ေတြသတိထားမိခဲ့ၿပီးေနာက္ အင္တာနက္ေပၚမွာအေတာ္ေလးကို ေရပန္းစားေနလ်က္႐ွိပါတယ္ ။

စတန္႔မင္းသမီးျဖစ္တဲ့ Liu Yaxi ဟာ Mulan ဝတ္စံုေတြနဲ႔႐ိုက္ယူထားတဲ့သူမရဲ႕ဓာတ္ပံုေတြကို Weibo မွာေဝမ်ွခဲ့ၿပီးေနာက္ လူအေတာ္အမ်ားရဲ႕စိတ္ဝင္စားမႈကိုခံခဲ့ရၿပီး မၾကာခင္မွာပဲသူမရဲ႕ဓာတ္ပံုေတြကို ျပန္ဖ်က္ပစ္ခဲ့ပါတယ္ ။ ဓာတ္ပံုအေတာ္မ်ားမ်ားမွာလည္းသူမဟာ ေခါင္းေဆာင္မင္းသမီး Liu Yifei နဲ႔ အေတာ္ေလးရင္းႏွီးပံုရၿပီး Mulan ဇာတ္ကားမွာ စတန္႔မင္းသမီးအေနနဲ႔ပါဝင္ခြင့္ရလို႔ သူမဘယ္ေလာက္ေတာင္ ဂုဏ္ယူမိလည္းဆိုတာကိုပါေရးသားခဲ့ပါတယ္ ။Weibo post မွာလည္း ‘ အစ္မ Yifei က ေသေလာက္ေအာင္ကိုလွတယ္ ‘ ဆိုၿပီးေတာ့ပါ ေရးသားထားပါေသးတယ္ ။

ပရိသတ္အေတာ္မ်ားမ်ားကသူမရဲ႕႐ုပ္ရည္လွပမႈကိုေတြ႔႐ွိခဲ့ၿပီးေနာက္ သူမလည္း star တစ္ေယာက္ျဖစ္သင့္တယ္ဆိုၿပီး သူမဘက္ကေန ရပ္တည္လာခဲ့ၾကပါေတာ့တယ္ ။သူမဟာ အေတာ္ေလးကိုထူးခြၽန္စတန္႔မင္းသမီးတစ္ေယာက္ျဖစ္ေပမဲ့လည္း Mulan ဇာတ္ကားရဲ႕ ႐ုပ္႐ွင္႐ိုက္ကူးေရးပညာ႐ွင္ Mandy Walker ရဲ႕ေျပာျပခ်က္အရ
ေခါင္ေဆာင္မင္းသမီး Liu Yifei ကိုယ္တိုင္က စတန္႔ 90% ေလာက္ကို သူမကိုယ္တိုင္ သ႐ုပ္ေဆာင္ခဲ့တာျဖစ္ေၾကာင္း ေျဖၾကားခဲ့ပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*