
ထိုင်းလွှတ်တော်အမတ်တစ်ယောက်ဟာ ပါလီမန်ထဲမှာ သူရဲ့ဖုန်းနဲ့ လူပျိုကြိုက်ပုံတွေ ထိုင်ကြည့်နေတဲ့အတွက် ဝေဖန်ခံနေရကြောင်း သိရပါတယ်။ လွှတ်တော်အမတ်နာမည်ကတော့ Ronnathep Anuwat ဖြစ်ပါတယ်။ သူဟာ ဖုန်းထဲက လူပျိုကြိုက်ပုံတွေကို အချိန်(၁၀)မိနစ်ကြာ အေးအေးဆေးဆေး ကြည့်ရှုနေခဲ့တာပါ။
Ronnathep ဟာ ရုပ်ထွက်ကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်နိုင်စေဖို့ သူမျက်နှာ Mask ကိုတောင် ချွတ်လိုက်သေးတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။ သူရဲ့ ဓာတ်ပုံတွေကို လွှတ်တော်သတင်းထောက်တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံတစ်ခုမှာတော့ အမျိုးသမီးငယ်တစ်ယောက် ဗလာကျင်းအနေနဲ့ပြနေတာပါ။ အခြားတစ်ပုံကတော့ ဗလာကျင်းအမျိုးသမီးတစ်ယောက် ခုတင်ပေါ်မှာ လဲလျှောင်းနေပါတယ်။
တတိယပုံကတော့ တကယ့်ကို ညစ်တီးညစ်ပတ်နေရာကို ရိုက်ပြထားတာပါ။ Ronnathep ဟာ ချောင်ဘူရီပြည်နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး၊ Palang Pracharath ပါတီဝင်တစ်ယောက် ဖြစ်ပါတယ်။ အစကတော့ သူက သူ့ကို ငွေတောင်းဖို့အတွက် စွယ်ယောင်ပြတဲ့ အမျိုးသမီးတွေရဲ့ပုံတွေလို့ ပြောပါတယ်။
နောက်ပိုင်းတော့ သူ ကြည့်ချင်လို့ ကြည့်မိတာလို့ ဝန်ခံခဲ့ပါတယ်။ ကောင်မလေးတစ်ယောက်ကတော့ သူမကို အကူအညီပေးဖို့ ငွေကြေးတောင်းခံခဲ့တာ ဖြစ်ကြောင်း၊ သူလည်း ထင်မထားတဲ့ မက်ဆေ့ကို ဖွင့်ကြည့်လိုက်မိရာ ဒီလိုပုံတွေ ဖြစ်နေတော့တာပဲလို့ ဘုမသိဘမသိဟန်နဲ့ ပြောပါတယ်။ ဒါပေမယ့် အမှတ်တမဲ့ဆိုရအောင်ကလည်း သူဟာ အချိန်(၁၀)မိနစ်လောက်ထိ စိမ်ပြေနပြေငေးနေခဲ့တာပါ။
Ronnathep က ကောင်မလေးတွေပုံကို တကူးတက ပြူးပြဲကြည့်နေရခြင်းက သူတို့တစ်တွေ အန္တရာယ်အတွင်းမှာ ကျရောက်နေသလား၊ နောက်ခံမြင်ကွင်းတွေ ရှင်းလင်းအောင် သေချာကြည့်ရှုရခြင်းဖြစ်ကြောင်း ဆင်ခြေပေးထားပါတယ်။ သူကတော့ ဒီလိုကိစ္စတွေ လုံးဝ ဝါသနာမပါပါဘူးတဲ့။ သူတို့တစ်တွေ ဂိုဏ်းတစ်ခုရဲ့လက်အောက် ကျရောက်နေပုံလို့ ထမင်းရေပူ လျှာလွှဲပါသေးတယ်။
အစိုးရဘက်ကတော့ Ronnathep ကို ထုချေလွှာတင်ဖို့ ပြောထားပေမယ့် အရေးယူဖို့တော့ မရှိပါဘူးတဲ့။ နောက်ပြီး လွှတ်တော်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Chuan Leekpai က အစည်းအဝေးခန်းမမှာ လွှတ်တော်အမတ်တွေ ဖုန်းနဲ့ဘာတွေကို မကြည့်နဲ့ဘာတွေကိုကြည့်ပါလို့ သတ်မှတ်ထားချက်မရှိတဲ့အတွက် ဒီကိစ္စက ပုဂ္ဂိုလ်ရေးနဲ့ဆိုင်ကြောင်း၊ ဒါပေမယ့် အမတ်တစ်ယောက် နိုင်ငံတော်အဆင့်နေရာမျိုးမှာ ဒီလိုလုပ်တာကတော့ မသင့်လျှော်ကြောင်း ပြောခဲ့ပါတယ်။
crd linthuta
ref:the sun
Leave a Reply