
သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုကတော့ လက်ရှိမှာ သူတို့ရဲ့ မိသားစုဝင်ထဲကတစ်ယောက် ဆုံးရှုံးသွားရလို့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ နန္ဒာလှိုင် ညီမအရင်းရဲ့ ခင်ပွန်းဟာ Covid -19 Positive ဖြစ်နေတယ်လို့သိပြီးပြီးချင်း နောက်ရက်မှာပဲ ကွယ်လွန်သွားခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်။
နန္ဒာလှိုင်တို့မိသားစုကလည်း ညီမဖြစ်သူအတွက် ဝမ်းနည်းနေကြသလို မောင်ကလည်း ကျန်ရစ်ခဲ့တဲ့ကလေးတွေနဲ့အတူတူ Hotel Quarantine ဝင်ပြီး စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။
မောင်နဲ့ ကျန်ရစ်ခဲ့တဲ့ကလေးတွေကလည်း Swab Test စစ်ဆေးပြီးထားပြီဖြစ်ပြီး လက်ရှိမှာတော့ Hotel မှာပဲနေရင်း Quarantine ဝင်နေကြတာပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်တို့ မိသားစုနဲ့ထပ်တူဝမ်းနည်းနေကြတဲ့ ပရိသတ်တွေကလည်း ကလေးငယ်တွေအတွက် စိုးရိမ်နေကြပေမယ့်နန္ဒာလှိုင်တို့ကတော့ ကလေးတွေကို သူတို့ရဲ့အဖေဆုံးသွားခဲ့တာကို အသိမပေးထားဘူးလို့ သိရှိရပါတယ်။
နန္ဒာလှိုင်တို့ တစ်မိသားစုလုံးကတော့ ကျန်ရစ်ခဲ့တဲ့ ညီမဖြစ်သူ နွေးနွေးလှိုင်အတွက်ရော တူ၊ တူမလေးတွေအတွက်ပါ အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းတွေနဲ့ ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ ညီမလေးနဲ့ ကလေးလေးတွေလည်း အကောင်းဆုံးရလဒ်နဲ့ အမြန်ဆုံး အိမ်ပြန်လာနိုင်ပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ် ။
Leave a Reply