ငွေကျပ်(သိန်း၃၀)ကိုWaveMoneyနှင့်လွဲခိုင်းကာငွေမပေးပဲတစ်ဖက်ငွေလက်ခံသူကချက်ချင်း(၂၀)ထုပ်သူသွားသောဖြစ်စဉ် (Video)

အမှုဖြစ်စဉ်မှာ၁၉.၉.၂၀၂၀ရက်မွန်းလွဲ၁၂နာရီခွဲ. အချိန်ခန့်ကပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ဖြူးမြို့၊စျေးရပ်ကွက်၊(၇)လမ်းနေဦးရဲအောင်(၄၀)နှစ်၊ ရောင်းဝယ်လုပ်သူက၎င်းသည် ၎င်းပိုင်ဆိုင်သော Dr.Mobileအမည်ရှိဖုန်းဆိုင်တွင်ရှိနေစဉ်ကျည်းမနိုးကျေးရွာအုပ်စု၊ထန်းလက်ကုန်းကျေးရွာနေမခင်မိုးဝေ၊(၃၀)နှစ်ခန့်၊ကျဘမ်းလုပ်သူမှ(WaveMoney)ဖြင့်

၎င်းကိုင်ဆောင်လာသော(၀၉၇၇၄၈၅၅၉၉၅)ဖုန်းနံပါတ်အားပေးပြီးငွေလွှဲလိုကြောင်း၊ငွေသိန်း(၃၀)ကျပ်အား (၀၉၆၆၂၆၁၀၉၄၀)ဖုန်းနံပါတ်သို့ ငွေလွှဲပေးရန်ပြောသောကြောင့်ငွေ(၁၀)သိန်းကျပ်(၂)ကြိမ်၊စုစုပေါင်းသိန်း(၂၀)ကျပ်ငွေလွှဲပြီးချိန်၌လွှဲသည့်ငွေသိန်း(၃၀)ကျပ်အားတောင်းရာမခင်မိုးဝေမှ ငွေ(၆)ထောင်ကျပ်သာပါကြောင်းပြောပြီး လွှဲထားသောငွေသိန်း(၂၀)ကျပ်အားပြန်ထုတ်လိုက်ရန်ပြောသည့်အခါငွေသိန်း(၂၀)ကျပ်မှာချက်ချင်းထုတ်ယူသွားပြီဖြစ်ကြောင်း ဖုန်း Message မှ သိရှိခဲ့ရသဖြင့်ငွေများလွှဲပေးပြီးနောက်ပေးအပ်ရမည့်ငွေသိန်း(၂၀)ကျပ်အား ပေးဆောင်ခြင်းမရှိဘဲ

ဆက်သွယ်ရေးကွန်ရက်အားအသုံးပြု၍လိမ်လည်သူမခင်မိုးဝေအားအရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ၁၉.၉.၂၀၂၀ရက်ည၈နာရီအချိန်ဖြူးမြို့မရဲစခန်း(ပ)၃၆၉/၂၀၂၀၊ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဂ)ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိခဲ့ပြီးအမှုအားဒုရဲအုပ် ကေသွယ်သိန်း မှ စစ်ဆေးဆောင်ရွက်နေကြောင်းသိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*