အိမ်ရှင်မများနှင့်ထမင်းချက်ခြင်းအကြားလျှို့ဝှက်ချက်များ

အိမ်ရှင်မများအတွက်ထမင်းချက်ရာတွင် အရသာသာမက ကျန်းမာရေးအတွက် အာဟာရဓာ်တွေပါမဆုံးရှုံးစေမည့် အလွယ်တစ်ကူတစ်ခါတည်းပြီးပြည့်စုံစေမယ့် နည်းလေးများကို စုစည်း တင်ပြပေးလိုက်ရပါတယ်။

၁။ရှာလကာရည်

ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်၊နှစ်စက်ထည့်ပေးရုံဖြင့်ထမင်းရဲ့အနံ့အရသာကိုပိုပြီးထင်ပေါ်မွှေးပျံ့စေနိုင်မယ့်အပြင်ရာသီဥတုအလွန်ပူပြင်းပြီးထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။(ရှာလကာရည်နံ့လုံးဝမထွက်ပါ)
၂။ဘီယာ

ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာက ဆန်သစ်လောက် မကောင်းတဲ့အချိန်မှာစိတ်မပူပါနဲ့ဆန်အဟောင်းကိုချက်ချိန်မှာဘီယာအနည်းငယ်သာ ထည့်လိုက်ပါပေါ်ဆန်းမွှေးပမာမွှေးပျံ့တဲ့ထမင်းကိုရရှိစေမှာဖြစ်ပါတယ်။

၃။မြေပဲဆီ

ထမင်းချက်ရာမှာဆားအနည်းငယ်နဲ့မြေပဲဆီအနည်းငယ်ထည့်ပေးပါကာရောပြီးမွှေပေးပါကဆန်ဖွာခြင်းမရှိပဲခံတွင်းကိုတွေ့စေမှာဖြစ်ပါတယ်။
၄။ဆား

လက်ကျန်ထမင်းကိုပြန်နွေးရာတွင်ဆားအနည်းငယ်ထည့်ပေးခြင်းအားဖြင့်အနံ့ဆိုးများကိုပျောက်စေသည့်အပြင်ခံတွင်းတွင်လည်းနူးညံ့နေစေမှာသေချာပါတယ်။
၆။ဆန်အရက်၊အရက်ဖြူ
ထမင်းကြော်ရာတွင် ထမင်းတွင်အရက်သုံး၊လေးစက်အနည်းငယ် ထည့်ကာကြော်ပေးပါက နတ်သဒ္ဓါပမာထမင်းအရသာကိုရစေနိုင်ပါတယ်။ အကယ်၍ထမင်းကျက်တဝက်မကျက်တဝက်ဖြစ်နေတဲ့အခြေအနေမျိုးနဲ့ကြုံပါကဇွန်း၂ဇွန်းစာဆန်အရက်ကိုထည့်ပြီးနွေးပေးခြင်းနဲ့ထမင်းကိုလုံးဝကျက်စေနိုင်ပါတယ်။

၇။ရေကျက်အေး

ထမင်းချက်ချိန်မှာရေကျက်အေးနဲ့ချက်ပါကဆန်မှာပါဝင်တဲ့ဗီတာမင် B1 ဓာတ်ကို အပြည့်အဝရရှိစေမှာဖြစ်ပါတယ်။
၈။ကြက်သွန်မြိတ်
ထမင်းတူးသွားပါကထမင်းကြားမှာကြက်သွန်မြိတ်တစ်ပင်ကိုထည့်ပြီးခဏအဖုံးအုပ်ထားပေးပါကတူးနံ့များကိုယူပစ်လိုက်သလိုပြောက်ကင်းသွားမှာဖြစ်ပါတယ်။

၉။လက်ဖက်

ရေနွေးကြမ်းကိုထမင်းချက်ရာမှာထည့်ပြီးသာမာန်အတိုင်းထမင်းချက်ပါကရရှိလာတဲ့ထမင်းကအနံ့အရသာကိုပြည့်စုံရုံသာမကအာဟာရလည်းအလွန်ဖြစ်စေပါတယ်။
၁၀။သံလွင်ဆီ

ထမင်းချက်ရာတွင်သံလွင်ဆီအနည်းငယ်ထည့်ပေးပါကဆန်ထဲရှိသကြားဓာတ်တိုးမြှင့်မှုကို ထိန်းချုပ်နိုင်တဲ့အပြင်အစာအိမ်ကိုလည်းဥပဒ်မဖြစ်စေနိုင်ပါဘူး။ဆီးချိုသမားများအတွက်လည်းသင့်လျှော်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*