သင်္ဘောသီးက ပေးတဲ့ အလှအပနဲ့ ကျန်းမာရေး

သင်္ဘောသီးက ကျန်းမာရေး အတွက် ကောင်းမွန်စေတဲ့ အာဟာရတွေ၊ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေများစွာ ပါဝင်နေတဲ့ အပူပိုင်းဒေသထွက် သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် သင်္ဘောသီးရဲ့ အနှစ်ကို မျက်နှာလိမ်း ခရင်မ်တွေ၊ ခေါင်းလျှော်ရည်တွေမှာ အဓိက ပါဝင်ပစ္စည်းတွေ အနေနဲ့ အသုံးပြုကြတာ ဖြစ်ပါတယ်။

သင်္ဘောသီးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ကတော့ –

၁။ သင်္ဘောသီးက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပါတယ်။ ဒါ့အပြင် သင်္ဘောသီးမှာ ပါဝင်တဲ့ အင်ဇိုင်းတွေက သွေးကြောတွေမှာ အဆီတွေ ပိတ်ဆို့မှု မဖြစ်အောင် ကူညီပေးပါတယ်။

၂။ သင်္ဘောသီးမှာ အဆစ်အမြစ် ကိုက်တဲ့ ဝေဒနာကို သက်သာစေတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ ယင်းဓာတ်တွေကြောင့်လည်း ကင်ဆာရောဂါ၊ အရိုးပွရောဂါများ ဖြစ်ပွားမှုမှ အတန်အသင့် ကာကွယ် ပေးနိုင်ပါတယ်။

၃။ အထူးသဖြင့် အမျိုးသမီးတွေ ဖြစ်တတ်တဲ့ ပျို့အန်ခြင်း ဝေဒနာတွေကိုလည်း မနက်အိပ်ရာနိုးနိုးခြင်း သင်္ဘောသီး စားပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

၄။ သင်္ဘောသီးကို စားတဲ့အခါ မှာ အစေ့တွေကိုလည်း ပစ်ရက်စရာ မရှိပါဘူး။ ရှေးယခင် ကတည်းက သင်္ဘောစေ့တွေကို အူထဲမှာ သန်ကောင်တွေ ရှိနေခြင်းကို ကုသဖို့ တိုင်းရင်းဆေးနည်းတွေထဲမှာ သုံးခဲ့ကြတာ ဖြစ်ပါတယ်။

၅။ သင်္ဘောသီးမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်တွေက အစာချေဖျက်ခြင်း ကိုလည်း ကူညီပေးပါတယ်။ ဒါ့အပြင် အစာစွန့်ထုတ်မှု စနစ်ကိုပါ ပုံမှန် လည်ပတ်စေပါတယ်။

သင်္ဘောသီးရဲ့ ကျန်းမာရေး ဆိုင်ရာ အကျိုးကျေးဇူးတွေ ကတော့ –

၆။ သင်္ဘောသီးခွံက အရွယ်ကျခြင်း လက္ခဏာများကို လျော့ကျစေပါတယ်။ နည်းလမ်းကတော့ သင်္ဘောသီး စားပြီးတာနဲ့ အခွံနဲ့ မျက်နှာကို ပွတ်လိုက်ပါ။ ငါးမိနစ် ကြာထားပြီးနောက် ရေအေးဖြင့် မျက်နှာသစ်ပါ။ ဒီနည်းလမ်းကို ပုံမှန် လုပ်ဆောင်ပေးခြင်းဖြင့် သိသာထင်ရှားတဲ့ ရလဒ်ကို တွေ့ပါလိမ့်မယ်။

၇။ သင်္ဘောသီးက မျက်နှာပေါ်က အမည်းစက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။ သင်္ဘောသီး အသားကို ကြိတ်ချေပြီး နွားနို့နဲ့ရောပြီး မျက်နှာမှာ လိမ်းပေးပါ။ ဒီနည်းက အမည်းစက် ပျောက်စေရုံ သာမက အသားအရေကိုပါ ဝင်းလက် စိုပြေစေပါတယ်။

၈။ ရေဓာတ်ပြည့်ဝပြီး စိုပြေတဲ့ အသားအရေ ရရှိလိုပါက ကြိတ်ချေထားတဲ့ သင်္ဘောသီး အသားကို ပျားရည်နဲ့ ရောပြီး မျက်နှာကို လိမ်းပါ။

၉။ နေလောင် အသားအရေကို ကုသဖို့ အတွက်ကတော့ ရှေးဦးစွာ သင်္ဘောသီး အနှစ်ကို ကြိတ်ချေပြီး ဒိန်ချဉ်၊ ပျားရည်၊ ရှောက်ရည်နဲ့ ကြက်ဥအကာတို့နဲ့ ပျစ်လာတဲ့အထိ ရောမွှေပါ။ သန့်စင်ထားသော မျက်နှာပေါ်တွင် လိမ်းပြီး (၁၅-၂၀) မိနစ် ကြာထားပါ။ ထို့နောက် ကြက်သီးနွေးရေဖြင့် မျက်နှာသစ်လိုက်ပါ။

၁၀။ အသားအရေ တင်းရင်းစေဖို့ အတွက် ကြိတ်ချေထားတဲ့ သင်္ဘောသီးကို ပျားရည်၊ ဆန်မှုန့် တို့နဲ့ရောပြီး ၁၅မိနစ်ကြာ လိမ်းထားပါ။ ဒီနည်းကို တစ်ပတ် သုံးကြိမ် လုပ်ဆောင်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*