ကိုဗစ်အတွက် ရည်ရွယ်ပြီး ဧရာဝတီဘဏ် အုပ်စုမှ ငွေကျပ်သိန်းတစ်သောင်းလှူဒါန်းခဲ့

ရန်ကုန် သုဝဏ္ဏကွင်းမှာ တည်ဆောက်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကုသရေး ယာယီဆေးရုံအတွက် ဧရာဝတီဘဏ်၊ AYA SOMPO Insurance နဲ့ မက်စ်မြန်မာ အုပ်စုက ငွေကျပ် သိန်း ၁၀,၀၀၀ မတည် လှူဒါန်းခဲ့တယ်လို့ ဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ လူနာတွေကို လက်ခံကုသပေးမယ့် ဧရာဝတီ စင်တာ ယာယီဆေးရုံ အဆောက်အဦနဲ့ ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ တခြားလိုအပ်တာတွေအတွက် လှူဒါန်းတာလို့ ဆိုပါတယ်။လူနာ ၄၀၀ ကျော်ကို ကုသပေးနိုင်မယ့် အဲဒီဆေးရုံကို စက်တင်ဘာ ၁၂ ရက်က သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီနေ့ညနေမှာ လူနာတွေ စတင်ထားနိုင်ဖို့ ရည်မှန်းထားပါတယ်။ယာယီ ရောဂါကုသရေးဌာနရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကုသရေးဆိုင်ရာ ကိစ္စတွေကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စီမံဆောင်ရွက်သွားမှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းနဲ့

စေတနာ့ဝန်ထမ်း အယောက် ၁၀၀ အပါအဝင် လူနာတွေရဲ့ နေ့စဉ် အစားအသောက်ကုန်ကျစရိတ်တွေကို ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံသွားမှာ ဖြစ်ပါတယ်။အခုတော့ တခြားစီးပွားရေးုလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကလည်း လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ငွေကြေးတွေ လာရောက်လှူဒါန်းနေကြပါတယ်။

 

ZawGyi

ရန္ကုန္ သုဝဏၰကြင္းမွာ တည္ေဆာက္ေနတဲ့ ကိုဗစ္-၁၉ ေရာဂါ ကုသေရး ယာယီေဆး႐ုံအတြက္ ဧရာဝတီဘဏ္၊ AYA SOMPO Insurance နဲ႔ မက္စ္ျမန္မာ အုပ္စုက ေငြက်ပ္ သိန္း ၁၀,၀၀၀ မတည္ လႉဒါန္းခဲ့တယ္လို႔ ေဖာင္ေဒးရွင္းက ထုတ္ျပန္ပါတယ္။ေဖာင္ေဒးရွင္းက အဓိက ပံ့ပိုးကူညီ ဦးေဆာင္မႈျဖင့္ ကိုဗစ္-၁၉ လူနာေတြကို လက္ခံကုသေပးမယ့္ ဧရာဝတီ စင္တာ ယာယီေဆး႐ုံ အေဆာက္အဦနဲ႔ ပစၥည္းေတြ၊ ေဆးဝါးေတြ၊ တျခားလိုအပ္တာေတြအတြက္ လႉဒါန္းတာလို႔ ဆိုပါတယ္။လူနာ ၄၀၀ ေက်ာ္ကို ကုသေပးႏိုင္မယ့္ အဲဒီေဆး႐ုံကို စက္တင္ဘာ ၁၂ ရက္က သုဝဏၰ ျမက္ခင္းတု ေဘာလုံးကြင္းမွာ တည္ေဆာက္ခဲ့တာျဖစ္ၿပီး ဒီေန႔ညေနမွာ လူနာေတြ စတင္ထားႏိုင္ဖို႔ ရည္မွန္းထားပါတယ္။ယာယီ ေရာဂါကုသေရးဌာနရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ကုသေရးဆိုင္ရာ ကိစၥေတြကို က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက စီမံေဆာင္႐ြက္သြားမွာျဖစ္ၿပီး က်န္းမာေရးဝန္ထမ္းနဲ႔

ေစတနာ့ဝန္ထမ္း အေယာက္ ၁၀၀ အပါအဝင္ လူနာေတြရဲ႕ ေန႔စဥ္ အစားအေသာက္ကုန္က်စရိတ္ေတြကို ဧရာဝတီ ေဖာင္ေဒးရွင္းက က်ခံသြားမွာ ျဖစ္ပါတယ္။အခုေတာ့ တျခားစီးပြားေရးုလုပ္ငန္းရွင္ေတြနဲ႔ ကုမၸဏီေတြကလည္း လိုအပ္တဲ့ ပစၥည္းေတြနဲ႔ ေငြေၾကးေတြ လာေရာက္လႉဒါန္းေနၾကပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*