ကလေးငယ်ကိုအရှေ့ဖက်မှာ ချီပိုးထားမှန်းသတိမရဘဲ ကလေးငယ်ကိုရူးမတတ်ရှာနေခဲ့တဲ့ ဖခင် (ရုပ်သံ)

ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ရဲ့အဖြစ်ကတော့ မယုံနိုင်လောက်အောင်ပါပဲ ။ အကြောင်းကတော့ ဖခင်ဖြစ်သူတိုင်း ကြေါက်လန့်မိကြမဲ့အဖြစ်တစ်မျိုးပါ ။ Video ထဲမှာတော့ ဖခင်ဖြစ်သူဟာ သူ၏ကလေးငယ်ကိုအရှေ့ဖက်မှာ ချီပိုးထားခဲ့ပေမဲ့လည်း ကလေးငယ်ပျောက်ဆုံးနေတဲ့ အထင်နဲ့ရှာဖွေနေခဲ့တာကို @aizadfahmy အမည်နဲ့ Twitter အသုံးပြုသူက ဝေမျှထားခဲ့တာပါ ။

ဖခင်ဖြစ်သူဟာ အချိန်အတော်ကြာဖုန်းအသုံးပြုပြီးနောက် ကလေးတွန်းလှည်းက အလွတ်ကြီးဖြစ်နေခဲ့တာကို သတိထားမိခဲ့ပြီး လုံးဝထိတ်လန့်သွားခဲ့သလို ဖြစ်နေခဲ့တာပါ ။ ထို့နောက် ကလေးငယ်ကို ဘယ်မှာမေ့ပြီးထားခဲ့မိတာလည်းဆိုတဲ့အတွေးနဲ့ လိုက်လံရှာဖွေနေခဲ့ပြီး အချိန်အတော်ကြာ မွှန်ထူသွားခဲ့ပါတော့တယ် ။

နောက်ဆုံးမှ ကလေးငယ်ကို သူတစ်နေကုန်ချီပိုးထားခဲ့မှန်း သတိရလိုက်တော့မှ ကလေးကိုညင်ညင်သာသာလေးပုတ်ပြီး သက်ပြင်းချနိုင်ခဲ့ပါတော့တယ် ။ အဆိုပါအဖြစ်အပျက်ကို ဝေဖန်သုံးသပ်သူတစ်ဦးက ‘ မျက်မှန်ကို နာဖူးပေါ်တင်ထားသလို ၊ ခဲတံကို နားရွက်မှာထိုးထားသလို ၊ ဖုန်းကိုလက်မှာကိုင်ထားပေမဲ့ သတိမရဘဲ အဲ့ပစ္စည်းတွေကို အသည်းအသန်လိုက်ရှာနေတဲ့သူနဲ့ တူနေတယ် ‘ ဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။ဒါပေမဲ့ ကလေးငယ်ပျောက်သွားတဲ့ ဖခင်ဖြစ်သူရဲ့ ထိတ်လန့်မှုက ပိုဆိုးတယ်လို့ ပြောရမှာပါပဲ ။

Be the first to comment

Leave a Reply

Your email address will not be published.


*