ဝမ်းချုပ်နေလို့ဆိုပြီး ဆရာဝန်သွားပြကာမှ ငါးရှဉ့်အကောင်လိုက် ဖင်ထဲထည့်ပြီး ကုသမှု့ခံယူလိုက်ရတဲ့လူနာv

ဖြစ်လိုက်ရင် တရုတ်နိုင်ငံကကြီးပါဘဲ။ အခုလည်း တရုတ်နိုင်ငံက အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ Liu လို့ခေါ်သော အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ၀မ်းချုပ်တာကြာနေတဲ့ ရောဂါအခြေအနေကြောင့် စိုးရိမ်လွန်ကြီးပြီး ဆရာဝန်ဆီမှာ ကုသမှု့ခံယူဖို့ အပြေးအလွှားဆေးရုံကိုရောက်လာခဲ့ပါတယ်။Liu ဟာ ဟိုအရင်ကထဲက ဆေးရုံကို၀မ်းချုပ်တာကြောင့် လာရောက်ကုသမှု့ခံယူဖူးတယ်လို့လည်းပြောပါတယ်။

ဒီလိုနဲ့ ဆရာဝန်ကတော့ တကယ်ကို ထူးဆန်းလှစွာသော ကြက်သီးမွှေးညှင်းထလောက်စရာကုသမှု့နဲ့ ကုသပေးခဲ့ပါတော့တယ်။အဲ့တာကတော့ Liu ရဲ့ စအိုပေါက်ကနေတဆင့် ငါးရှဉ့်တစ်ကောင်ကို ထည့်လို့ ၀မ်းဗိုက်ထဲက အညစ်အကြေးတွေကိုစားခိုင်းတော့မှာဘဲဖြစ်ပါတယ်။(ကြားရတာနဲ့တောင် စိတ်ထဲ ခိုးလိုခုလုကြီးဖြစ်နေတယ် :P)

Liu ကတော့ အဲ့ဒီ ကုသမှု့ကို ပထမပိုင်းမှာ အကြောက်အကန်ငြင်းဆန်ခဲ့ပါတယ်။ဒါပေမယ့်လည်း မတက်နိုင်တဲ့အဆုံးမှာတော့ ဆရာဝန်ရဲ့ ညွှန်ကြားမှု့အတိုင်း ခွဲစိတ်ခန်းထဲကို၀င်လို့ ငါးရှဉ့်တစ်ကောင်လုံးကို စအိုထဲထည့်ပြီး ကုသဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။

ဒီလိုနဲ့ ခွဲစိတ်ခန်းထဲဝင်ခါနီးမှာ Liu အနေနဲ့ နောက်ထပ်တစ်ကြိမ် အကြောက်အကန်ထပ်မံငြင်းဆန်ခဲ့ပြန်ပါတယ်။ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့ စအိုထဲကိုထည့်မယ့် ငါးရှဉ့်ရဲ့ အရွယ်အစားကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရလို့ဘဲဖြစ်ပါတယ်။(ရင်ထဲတောင်မကောင်းဘူး Liu ရယ် :D)

ငါးရှဉ့်ရဲ့ အလေးချိန်ဟာ ပေါင်ဝက်ခန့်လောက်ရှိပြီး အရှည်အလျားကတော့ ပုံမှုမြင်တွေ့သည်အတိုင်းဘဲ အတန်အသင့်ကိုရှည်လျားကာ လုံးပတ်အကျယ်ကတော့ ၁လက်မခွဲနီးပါးရှိတာကြောင့် Liu တစ်ယောက်အကြောက်အကန်ငြင်းဆန်ခဲ့တာဘဲဖြစ်ပါတယ်။

ကုသမှု့ခံယူပြီးတဲ့နောက်မှာတော့ Liu တစ်ယောက် အဆင်ပြေသွားသလား မပြေသွားဖူးလားဆိုတာကိုတော့ သတင်းများမှာ ဆက်လက်ဖော်ပြခဲ့ခြင်းမရှိပေမယ့် နောက်ဆက်တွဲသတင်းမှာပါရှိတဲ့ပုံအရတော့ မတော်ရာကို အတင်းတိုးဝင်ခိုင်းခြင်းခံခဲ့ရတဲ့ ကိုရွှေငါးရှဉ့်ကတော့ Liu ရဲ့ စအိုထဲကနေပြန်ထွက်ထွက်လာခြင်း သေဆုံးသွားခဲ့တယ်လို့သိရှိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*