နေရာတစ်ခုတည်းမှာတင် စုံတွဲပေါင်း လေးထောင်က စုပေါင်းလက်ထပ်ပွဲကျင်းပ

တောင်ကိုရီးယားနိုင်ငံ ဂပ်ပြောင်းမြို့ ခရစ်ယာန်ဘုရားကျောင်းမှာ သြဂုတ်က လူအများအားကျနှစ်သက်ခဲ့ရတဲ့ မင်္ဂလာပွဲတစ်ခုကျင်းပခဲ့ပါတယ်။

၎င်းလက်ထပ်ပွဲကတော့ သာမန်လက်ထပ်ပွဲတွေနဲ့မတူဘဲ နိုင်ငံပေါင်း ၆၄ နိုင်ငံက စုံတွဲ ၄၀၀၀ စုပေါင်းလက်ထပ်ကြတဲ့ လက်ထပ်ပွဲပဲဖြစ်ပါတယ်။

ဆိုးလ်မြို့တော်ကနေ အရှေ့မြောက်ဘက် မိုင် ၅၀ အကွာမှာ တည်ရှိတဲ့ ဂပ်ပြောင်းမြို့ မှာကျင်းပခဲ့တာဖြစ်သလို ခန်းမတစ်ခုလုံး လက်ထပ်ကြမယ့် စုံတွဲတွေနဲ့ ပြည့်နှက်နေတဲ့ ခံစားချက်လေးကတော့ အင်မတန်မှကြည်နူးစရာကောင်းလှပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်တော့ နှစ်မင်္ဂလာ တွဲဆောင်တာလောက်သာ တွေ့ဖူးပေမယ့် အခုအခါမှာတော့ စုံတွဲပေါင်း ၄၀၀၀ ကတစ်ပြိုက်နက် လက်ထပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

အရမ်းကြယ်ပြောလှတဲ့ နေရာကြီးတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါလက်ထပ်ပွဲကိုတော့ ဧည့်ပရိသတ်ပေါင်း ၃၀၀၀၀ လောက်ကလည်း တက်ရောက်ဂုဏ်ပြုခဲ့ကြလို နိုင်ငံပေါင်း ၁၆၀ ကစုံတွဲပေါင်း ၂၈၀၀၀ ခန့်ကလည်း အင်တာနက် တိုက်ရိုက်ထုတ်လွှင့်မှုကနေ တဆင့် ပူးပေါင်းပါဝင်ပေးခဲ့ကြပါတယ်။

အခုလို မျိုးသောင်းချီနေတဲ့လူတွေက စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အတူတကွ လက်ထပ်ကြတဲ့ မင်္ဂလာပွဲမျိုးကတော့ မင်္ဂလာစုံတွဲတွေအတွက် တကယ့်ကို ကြည်နူးပျော်ရွင်စရာကောင်းလှပါတယ်။

ပရိသတ်တွေရော အခုလိုမျိုး လက်ထပ်ပွဲမကျင်းပချင်ကြဘူးလား။

Be the first to comment

Leave a Reply

Your email address will not be published.


*