
ရင်ခုန်စိတ်လှုပ်ရှားစရာတွေကိုဘဲ လိုက်ရှာနေတဲ့ နိုင်ငံခြားသား ခရီးသွားတွေကတော့ အခုတစ်ခါမှာလည်း တရုတ်ပြည်ရဲ့ တန်ဖိုးထားရာ အမွေအနှစ်ရှိရာတောင်ကို တက်ခဲ့တဲ့ အတွက်ကြောင့် တရုတ်ပြည်အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှု့ကိုခံခဲ့ရပါတယ်။
အဘယ့်ကြောင့် ဖမ်းခံခဲ့ရတာလည်းဆိုတော့ သူတို့တစ်တွေ တောင်တက်ခဲ့တဲ့ ဗီဒီယို ဟာ လူမှု့ကွန်ရက်တွေပေါ်မှာ ပြန့်နှံ့နေခဲ့တာဘဲဖြစ်ပါတယ်။ဗီဒီယိုထဲမှာဆိုရင်တော့ တောင်တက်သမားတွေ တောင်ပေါ်ကိုရောက်တဲ့ အချိန်ကို ဒရုန်းတစ်စီးနှင့် ရိုက်ကူးထားတာကိုတွေ့ရမှာဘဲဖြစ်ပါတယ်။
သတင်းများအရဆိုရင်တော့ သူတို့တွေဟာ ပေပေါင်း ၄၂၀ ရှိတဲ့ တောင်ပေါ်တဲ့ အရောက်တက်ခဲ့ကြတယ်လို့ သိရပါတယ်။တောင်ရဲ့ အစောင့်ဝန်ထမ်းတွေဟာ သတိပေးဖို့ကြိုးစားခဲ့ကြပေမယ့်လည်း သူတို့တွေဟာ တောင်ပေါ်ကို တက်နေပြီးသားဖြစ်နေခဲ့တာကြောင့် ဖြစ်ပါတယ်။
အောက်မှာ တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းလှတဲ့ သူတို့ရဲ့ ဗီဒီယိုကိုဖော်ပြထားပါတယ်။
Leave a Reply