ငရုတ်သီးစိမ်းကို အားရပါးရကိုက်စားခဲ့လို့ ဒုက္ခရောက်နေတဲ့ ကလေးငယ်ရဲ့ ရေပန်းစားနေတဲ့ မျက်နှာအမူအရာလေး (ရုပ်သံ)

ကလေးငယ်တွေက လူကြီးတွေလုပ်ပြတဲ့ အသစ်အဆန်းတွေပြုလုပ်ဖို့ အတော်လေးကိုစပ်စုတတ်ကြပါတယ် ။ လူကြီးတွေက မလုပ်ဖို့တားမြစ်ရင်တောင် နားမလည်ကြလို့ တစ်ခါတစ်လေ သူတို့ကိုလက်တွေ့လုပ်ခိုင်းလိုက်ပြီး ၊ ကိုယ်တိုင်ကြုံတွေ့ခံစားစေခိုင်းလိုက်တာက အကောင်းဆုံးပါပဲ ။

ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Mianyang မြို့မှာရှိတဲ့ ကလေးမလေးရဲ့ ငရုတ်သီးစိမ်းကြီးကို အားရပါးရကိုက်စားခဲ့တဲ့ရုပ်သံဟာ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။ ကလေးငယ်ရဲ့ မိသားစုဝင်တွေက ညစာစားနေစဉ် ငရုတ်သီးစိမ်းကိုလည်းရောပြီး ကိုက်စားနေခဲ့ကြတာပါ ။

ထိုအချိန်မှာ ကလေးမလေးကလည်း စားချင်ကြောင်းမိဘတွေကို ပူဆာခဲ့ပါတယ် ။ မိဘတွေက ကလေးဆိုတာ ငရုတ်သီးစားလို့မရဘူးဆိုပြီး ပြောပြခဲ့ပေမဲ့လည်း ကလေးငယ်ကနားမလည်ဘဲအတင်းပူဆာနေခဲ့လို့ နောက်ဆုံး သူမကို ငရုတ်သီး တစ်ကိုက်သာကိုက်စားဖို့မိခင်ဖြစ်သူက ခွင့်ပြုပေးခဲ့ပါတယ် ။

Video ထဲမှာတော့ ကလေးငယ်ဟာ ငရုတ်သီးစိမ်းနှစ်တောင့်ကို လက်တစ်ဖက်စီမှာကိုင်ထားပြီးနောက် အားရပါးရကိုက်စားခဲ့ပါတယ် ။ ထိုအချိန်မှာပဲ ရုတ်တရက်သူမရဲ့မျက်နှုအမူအရာဟာအတော်လေးပျက်သွားခဲ့ပြီး ငရုတ်သီးစိမ်းကိုချက်ချင်းထွေးထုတ်ပစ်ကာ လက်တစ်ဖက်နဲ့လျှာပေါ်မှာပူစပ်စပ်ဖြစ်နေတဲ့အရာကို ဖယ်ထုတ်နေခဲ့တာပါ ။ မိခင်ဖြစ်သူကတော့ သမီးလေးရဲ့အဖြစ်ကိုကြည့်ပြီး တခစ်ခစ်နဲ့ရယ်မောကျနေခဲ့ပါတော့တယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*