ဆိုင်ကိုလာရောက်စားသုံးတဲ့ မိန်းကလေးတွေရဲ့ စကတ်တိုရင်တိုသလို discount ရမဲ့ Hotpot ဆိုင်

တရုတ်နိုင်ငံ Jinan မြို့မှာရှိတဲ့ Hotpot ဆိုင်တစ်ဆိုင်ဟာ စကတ်မလုံတလုံတွေဝတ်တဲ့မိန်းကလေးတွေအတွက် အစားအသောက်ဖိုး discount ပေးဖို့ကြေညာခဲ့ပါတယ် ။ မိန်းကလေး Customer များအနေဖြင့် ဒူးခေါင်းအထက်ကနေတိုင်းတာရင် စကတ်၏အနားစနှင့် 12လက်မ အကွာအဝေးရှိပါက အစားအသောက်ဖိုး 90% discount ရရှိမှာပါ ။

သို့ပေမဲ့ ဒူးခေါင်အထက် နှင့် စကတ်အနားစကြား 3လက်မအကွာအဝေးသာရှိပါက 20% discount ရရှိမည်ဖြစ်ကြောင်း သိရှိရပါတယ် ။ ဒီဆိုင်လေးရဲ့ promotion လုပ်တဲ့အစီအစဉ်ပုံစံတွေကို မိန်းကလေး customer တွေကို အဓိကထားပြီး ဆွဲဆောင်နေတာဖြစ်ပါတယ် ။

တရုတ်နိုင်ငံရှိစားသောက်ဆိုင်အတော်များများဟာ ယခုလိုထူးထူးဆန်းဆန်းအစီအစဉ်တွေနဲ့ မကြာခဏ promotion လုပ်လေ့ရှိပြီး ၊ Customer တွေကိုဆွဲဆောင်နေကြလို့ ၊ အချို့သောသူတွေက ဆိုင်ကိုသွားပြီး ဒီအတိုင်းထိုင်စားလို့မရဘူးလား ဆိုပြီး စားသောက်ဆိုင်တွေကို ပြန်ပြီးစနောက်ကျီဆယ်တာမျိုးလည်း ရှိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*