ဆံပင်ကောက်ချင်တဲ့ သူတွေ ဒီဆိုင်မှာသွားကောက်ကြပါလား။ဈေးလည်းသက်သာတယ်။

အွန်လိုင်းမှာ လတ်တလောပြန့်နှံ့နေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကနေ ဒီအကြောင်းအရာကိုစသိခဲ့ရပါတယ်။စီချွမ်းပြည်နယ်မှာနေထိုင်တဲ့ အသက် ရ၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ တရုတ်ဆံသဆရာ Wang Meimei ဟာဆိုရင် တရုတ်ရိုးရာနည်းပညာဖြင့် ဆံပင်ပြုပြင်ခြင်းလုပ်ငန်းကိုလုပ်ကိုင်နေတာဘဲဖြစ်ပါတယ်။အဲ့ဒီနည်းကတော့ အပူပေးထားတဲ့ မီးညှပ်ကြီးနှစ်ခုဖြင့် ညှပ်တဲ့ နည်းဖြစ်ပြီးတော့ အသက် ၁၇နှစ်အရွယ်ထဲက သင်လာခဲ့တာဖြစ်ပါတယ်။

ဒီနည်းဟာ ၁၉၈၀ ခုနှစ်တွေထဲက ခေတ်စားလာခဲ့တာဖြစ်ပြီးတော့ Wang ဟာ ဒီအသက်မွေးလမ်းကြောင်း လုပ်ငန်းကိုမြတ်မြတ်နိုးနိုးနှင့် လုပ်ကိုင်နေတာဘဲဖြစ်ပါတယ်။တစ်ယောက်ကို ဒေါ်လာဝက်စျေးပေးရပြီးတော့ သူ့ရဲ့ဆိုင်ကတော့ နာမည်မပေးထားဖူးလို့ သိရပါတယ်။

ဆံပင်ကိုလည်းကောက်လို့ရပြီးတော့ ဆံပင်ကောက်မယ်ဆိုရင်တော့ အဲ့ဒီမီးညှပ်ကြီးကိုအပူပေးပြီးတော့ ရေထဲကိုစိမ် ပြီးရင်တော့ ဆံပင်ကိုအငွေ့တထောင်းထောင်းထွက်နေအောင် လှိုင်းအတွန့်လေးတွေဖြစ်အောင်ပြုလုပ်ပေးတော့တာဘဲဖြစ်ပါတယ်။ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ အဲ့ဒီမီးညှပ်ဟာ အလွန်တရာပူလောင်တာဘဲဖြစ်ပါတယ်။

ဆံပင်လာကောက်တဲ့ လူတွေကို အပူလည်းလောင်စေနိုင်ပါတယ်။ဒါပေမယ့် Wang ဟာ သူဂုဏ်ယူမိတာကတော့ သူစပြီးတော့ ဒီနည်းသုံးကထဲက တစ်ယောက်ကိုမှ အပူမလောင်စေခဲ့တာဘဲဖြစ်တယ်လို့ပြောပါတယ်။သူ့ရဲ့ မြေးမလေးကို လည်း ဒီရိုးရာ နည်းပညာကို ပညာအမွေပေးခဲ့ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သိရပါတယ်။သူ့ရဲ့ ဆံပင်ကောက်တဲ့ ပုံစံကိုတော့အောက်မှာဗီဒီယိုနဲ့ ပြသထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*