စားစရာမှားပြီးချပေးရာက တစ်ဆိုင်လုံးရစရာမရှိအောင်ဖျက်ဆီးခံလိုက်ရတဲ့ တရုတ်စားသောက်ဆိုင်ရဲ့ဖြစ်အင်ကတော့

ဘယ်လောက်ပဲနည်းပညာတွေရောယဉ်ကျေးမှုတွေပါတိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးဖြစ်ပေမယ့်လည်း အနောက်နိုင်ငံကလူတွေမှာလူတန်းစားခွဲခြားမှုတွေကခပ်ပါးပါးတော့စိမ့်ဝင်ပျံ့နှံ့နေဆဲပါပဲ။ သူတို့ကအာရှသားတွေဆိုရင် စကားအပြောအဆိုမှာပဲဖြစ်ဖြစ် အမူအရာနဲ့ပဲဖြစ်ဖြစ်လူတန်းစားခွဲခြားချင်တဲ့ ပုံတွေပြောလေ့လုပ်လေ့ရှိကြပါတယ်။အခုဖြစ်ရပ်ကလည်းအဲ့ဒါနဲ့များသက်ဆိုင်နေမလားလေရယ်လို့ လူတွေကတွေးထင်နေကြတာပါပဲ။


ဒီဖြစ်ရပ်က Louisianaပြည်နယ်၊Slidell မြို့က တရုတ်စားသောက်ဆိုင်တစ်ခုမှာဖြစ်ပွားခဲ့တာပါ။ China Kingလို့ ခေါ်တဲ့ တရုတ်စားသောက်ဆိုင်မှာ Jasmine Thompson လို့ခေါ်တဲ့ အသက် 20အရွယ်အမျိုးသမီးကဒေါမာန်ကြီးစွာသောင်းကျန်းခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အကြောင်းရင်းကတော့သူမမှာယူတဲ့အစားအစာကိုကောင်းမွန်စွာဝန်ဆောင်မှုပေးခြင်းမရှိလို့ပါတဲ့။ နောက်ပြီးသူမက ဆိုင်ကဆော့စ်တွေနဲ့အခြားအရာတွေကိုဗြောင်းဆန်အောင်ဆိုင်ထဲမှာပစ်ခတ်သောင်းကျန်းခဲ့ပါသေးတယ်။

အဲ့ဒါနဲ့တင်အားမရလို့သူမရဲ့ကားကိုတရမန်းကြမ်းမောင်းပြီးဆိုင်ရှင်ရဲ့ကားနဲ့ဝင်တိုက်ခဲ့သေးကြောင်းလည်းသိရပါတယ်။ဒါတင်ပဲလားဆိုတော့မဟုတ်သေးသူမသောင်းကျန်းနေစဉ်တစ်လျှောက်လုံးမှာ “နင်တို့လာခဲ့တဲ့နိုင်ငံအစုတ်အပြတ်ကိုပြန်သွားသင့်တယ်…စောင်တရုတ်တွေ”ဆိုသလိုမျိုးတရုတ်နိုင်ငံကိုဆဲရေးတဲ့ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေလည်းအော်ဟစ်သွားပါသေးတယ်။

ဒီဖြစ်ရပ် အင်တာနက်မှာပျံ့နှံ့သွားပြီးနောက်ပိုင်းမှာ ဆိုင်ရဲ့တာဝန်ရှိသူတစ်ယောက်ပြောစကားအရJasmine က အစားအသောက်ကိုမှားယွင်းမှာယူခဲ့ပြီး သူမရဲ့မှားယွင်းမှာယူမှုကြောင့်ဆိုင်က ငွေပြန်မအမ်းနိုင်ဘူးလို့ငြင်းဆန်ချိန်မှာ ပေါက်ကွဲသောင်းကျန်းခဲ့တာဖြစ်ကြောင်းသိရပါတယ်။နောက်ပိုင်းမှာဆိုင်ရှင်ကသူမကို သူမရဲ့ ပိုက်ဆံ 22$ ပြန်ပေးခဲ့ပေမယ့််လည်းသူမကမကျေနပ်ပဲဆိုင်ရှင်ရဲ့ ကားကိုသူမကားနဲ့ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့ သူမကိုနယ်မြေပိုင်ရဲတွေကဖမ်းဆီးထားပြီးဖြစ်လို့ သူမရဲ့မဆင်မခြင်လုပ်ဆောင်မှုတွေအတွက်အပြစ်ဒဏ်ခံရတော့မှာဖြစ်ကြောင်းသိရပါတယ်။ကြုံရဆုံရလူ့ဘဝပါလားနော်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*