အိန္ဒိယနိုင်ငံပန်းခြံတစ်ခုမှာဖြစ်ပျက်ခဲ့တဲ့ ထိတ်လန့်စရာဗီဒီယို အွန်လိုင်းမှာပျံ့နှံ့

အခုလတ်တလောအွန်လိုင်းမီဒီယာတွေမှာရေပန်းစားနေတဲ့သတင်းကတော့ အိန္ဒိယနိုင်ငံက ထူးခြားဖြစ်စဉ် တစ်ခုပါ။အိန္ဒိယနိုင်ငံရဲ့ကစားကွင်း ပန်းခြံထဲမှာစီးတဲ့လူလည်းမရှိပဲ ဒန်းကသူ့ဘာသာလွှဲနေပါတယ်တဲ့။


Khyala B Block ပန်းခြံကရိုက်ကူးမိထားတဲ့ဗီဒီယိုဖြစ်ပြီး ဒီဗီဒီယိုဟာ Youtube မှာကြည့်ရှုသူ ၂၅၀၀၀ တောင်ကျော်နေပြီလို့သိရပါတယ်။ဗီဒီယိုက တစ်မိနစ်နဲ့ ၂၅စက္ကန့်ကြာမြင့်ပြီး ဒီအဖြစ်အပျက်ကိုရိုက်ကူးမိတဲ့သူက ကြောက်လန့်တကြားနဲ့ရိုက်ကူးမိထားတာဖြစ်ပြီးသူလည်း ထွက်ပြေးခဲ့ပါတယ်တဲ့။ဗီဒီယိုကိုကြည့်လိုက်ရင် သေချာရှင်းရှင်းလင်းလင်းမြင်ရမှာပါ။နေ့ခင်းကြောင်တောင်ကြီး စီးတဲ့လူ၊လွှဲပေးတဲ့သူမရှိပဲ ဒန်းက သူ့ဘာသာလွှဲနေတာကိုမြင်ရတာ ကြက်သီးထစရာပါပဲ။ကိုယ်တွေတောင် လန့်နေတာ။ဗီဒီယိုရိုက်ထားတဲ့သူဆို ဘယ်လိုနေမလဲမသိ။


ဗီဒီယိုကိုမြင်ပြီးတစ်ချို့က ဒါက ပရလောကသားပဲဖြစ်မယ်လို့ယူဆထားကြပါတယ်။တစ်ချို့ကတော့ ဒန်းကိုပြင်းပြင်းထန်ထန် လွှဲပြီးကာမှ ထွက်ပြေးကာလုပ်ကြံပြီးဗီဒီယိုရိုက်ထားတာဖြစ်မယ်လု့ိ ကောမန့်တွေရေးသားခဲ့ကြပါတယ်။ဒါပေမဲ့ ဒန်းက တစ်ယောက်ယောက်လွှဲနေသလို ဖြည်းဖြည်းချင်းပဲသွားနေ တာပါ။လေတိုက်တယ်ဆိုရင်လည်းဘေးက ဒန်းကဘာလို့မလှုပ်တာလဲပေါ့။စဉ်းစားစရာတွေအများကြီးဖြစ်စေတဲ့ ဒီဗီဒီယိုလေးကို စာဖတ်သူတွေလည်းဆုံးဖြတ်အကဲခတ်လို့ရအောင်ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*