လေတိုက်ရုံလေးနဲ့ ကားကရွှေ့ပြီးထွက်သွားလို့ ကားပိုင်ရှင် ရူးမတတ်ဖြစ်ခဲ့ရတဲ့အဖြစ် ( ရုပ်သံ)

တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ သူစီးလာခဲ့တဲ့ကားပျောက်သွားလို့ ရူးမတတ်အောင်ဖြစ်ခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ တရုတ်နိုင်ငံ ၊ Qingdao မြို့မှာနေထိုင်တဲ့ Huang အမည်ရှိတဲ့အမျိုးသားဟာ သူ၏ကားကို ကားပါကင်ထိုးတဲ့နေရာမှာရပ်ပြီး စတိုးဆိုင်တစ်ခုတွင်းသို့ဝင်ကာ မိနစ် 20 ခန့်ကြာသည်အထိ ဈေးဝင်သုံးနေခဲ့တာပါ ။

ထို့နောက် ကားဆီသို့ပြန်ရောက်လာတဲ့အချိန်မှာတော့ သူ၏ကားကိုလုံးဝရှာမတွေ့တော့ပါဘူး ။ Huang ကတော့ သူဈေးမသုံးခင် ကားကိုပါကင်ထိုးထားတာသေချာကြောင်း ရဲအရာရှိတွေထံတိုင်ကြားခဲ့ပါတယ် ။ ထို့အပြင် ကားထဲမှာ ငွေ 5,000 ယွမ်ထည့်ထားသေးကြောင်း သက်သေအနေနဲ့ပြောဆိုခဲ့ပါတယ် ။

ပျောက်ဆုံးသွားတဲ့ကားကိုရှာဖွေဖို့ ရဲအရာရှိတွေကလည်း ချက်ချင်း စတိုးဆိုင်အနီးအနားမှာရှိတဲ့ CCTV တွေကို စစ်ဆေးခဲ့ပါတော့တယ် ။ ထိုအချိန်မှာတော့ ကားပျောက်ဆုံးသွားတဲ့အဖြစ်ဟာ သူခိုးတွေကြောင့်မဟုတ်ဘဲ လေတိုက်ခိုက်တာအရှိန်ပြင်းလွန်းလို့ ကားရွှေ့သွားခဲ့တာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ် ။

Huang ဟာ ကားရဲ့ ပါကင်ဘရိတ်ကိုအသုံးမပြုခဲ့လို့ လေတိုက်ခိုက်နှုန်းမြင့်မားတဲ့အချိန်မှာ ကားကရွှေ့သွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ ကံကောင်းစွာနဲ့ ကားမှာတော့ ထိခိုက်ပျက်စီးမှုလုံးဝမရှိခဲ့ကြောင်း သိရှိရပါတယ် ။ Video ထဲမှာတော့ ကားရွှေ့သွားစဉ် အခြားသောလမ်းသွားလမ်းလာများက ကားကိုရှောင်းပြီးတော့မှ သွားခဲ့ရကြောင်း တွေ့ရှိရမှာပါ ။

Be the first to comment

Leave a Reply

Your email address will not be published.


*