တစ်ခါထဲနှင့် မိန်းမနှစ်ယောက်ကို မင်္ဂလာဆောင်ပစ်တဲ့ သတို့သား

ပုံမှန်မြင်နေကျ မဟုတ်တဲ့ မင်္ဂလာဆောင်တစ်ခုဘဲဖြစ်ပါတယ်။ဘာလို့လည်းဆိုတော့ သတို့သားတစ်ယောက်နှင့် သတို့သမီးနှစ်ယောက်ဖြစ်နေတဲ့ မင်္ဂလာပွဲမျိုး ဖြစ်နေလို့ဘဲဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ တရုတ်နိုင်ငံ၊ လောင်ဇူးရွာမှာနေထိုင်တဲ့ အမျိုးသားရဲ့ အိမ်မှာပြုလုပ်ခဲ့ကြတာဘဲဖြစ်ပြီးတော့ ဘာကြောင့် ဒီလိုပွဲမျိုးပြုလုပ်ခဲ့တယ်ဆိုတာကို ဆက်လက်ရှင်းပြပါ့မယ်။တကယ်တော့ သတို့သမီးနှစ်ယောက်ထဲက တစ်ယောက်က မယားကြီးဖြစ်ပြီးတော့ လွန်ခဲ့သော နှစ်များကထဲက ပေါင်းသင်းခဲ့တဲ့ သူဖြစ်ပြီးတော့ ပြီးခဲ့နှစ်က ကွာရှင်းပြတ်စဲခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ၎င်းမယားကြီးနဲ့ တခါမှ မင်္ဂလာမဆောင်ခဲ့ဖူးတာကြောင့် သတို့သားရဲ့ မိဘများအနေနှင့် မယားကြီး အပေါ်ကို ချစ်ခင်မြတ်နိုးလွန်းတာကြောင့် သူမအနေနဲ့လည်း တင့်တောင်းတင့်တယ်ဖြစ်တဲ့ မင်္ဂလာဆောင်ခြင်းမျိုးရှိသင့်တယ်ဟု ယူဆပြီး အခုလို သတို့သား နောက်အိမ်ထောင်ပြုတဲ့ အခါမှာ ထည့်သွင်းခဲ့တာဘဲဖြစ်ပါတယ်။

မယားကြီးဖြစ်တဲ့ သတို့သမီးကတော့ စိတ်ထဲကောင်းမှာ မဟုတ်ဖူးဆိုတာ သေချာပါတယ်။နောက်ရည်ရွယ်ချက်တစ်ခုကတော့ နောက်အိမ်ထောင်ဖြစ်တဲ့ အမျိုးသမီးနဲ့ မယားကြီးတို့ ချစ်ခင်ရင်းနှီးမှု့ရစေချင်တာကြောင့်လည်း ပါတယ်လို့ မိဘတွေကပြောခဲ့ပါတယ်။

သူတို့ရဲ့ အတွေးတွေကတော့ ကောင်းမွန်ပေးမယ့်လည်း မယားကြီးရဲ့ နေရာကနေကြည့်မယ်ဆိုရင်တော့ တကယ်ကို တရားမမျှတတဲ့ မင်္ဂလာပွဲတစ်ခုဖြစ်ခဲ့တယ်ဆိုတာကတော့ အသေအချာပါဘဲ.။သတို့သမီးနှစ်ယောက်စလုံးကတော့ အနီရောင် ၀တ်စုံကို ဆင်တူဝတ်ထားခဲ့ကြတာကိုလည်း အောက်မှာ ပြထားတဲ့ ဗီဒီယိုမှာတွေ့ရမှာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*