မသန်မစွမ်းအိမ်နီးချင်းအမျိုးသားကို နှစ်ပေါင်း 30 ကျော်ခန့် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ မုဆိုးမရဲ့အဖြစ်

တရုတ်နိုင်ငံမှာ နေထိုင်တဲ့Wu Yuxia အမည်ရှိတဲ့မုဆိုးမတစ်ဦးဟာ သူမနေအိမ်အနီးမှာရှိတဲ့ မသန်မစွမ်းအမျိုးသားကို ဆယ်စုနှစ်ပေါင်း 3စုကြာသည်အထိ စောင့်ရှောက်ခဲ့ပါတယ် ။ Lu အမည်ရှိတဲ့ အသက် 56 နှစ်အရွယ် အိပ်ယာထဲအမြဲလဲနေရတဲ့အမျိုးသားဟာ အသက် 6နှစ်သားအရွယ်မှာ မိခင်ကိုဆုံးရှုံးခဲ့ရပြီး ၊ အသက် 10 နှစ်သားအရွယ်မှာ ဖခင်ကိုဆုံးရှုံးခဲ့ရသူဖြစ်ပါတယ် ။

ထို့အပြင် ဆယ်ကျော်သက်အရွယ်ကတည်းကပြင်းထန်တဲ့ရောဂါဝေဒနာကိုခံစားခဲ့ရလို့ မျက်စိကွယ်သွားခဲ့တဲ့အပြင် ၊ နားပင်းသွားခဲ့သေးကြောင်း သိရှိရပါတယ် ။ Liu ဟာ မိသားစုကြီးတစ်ခုကနေဆင်းသက်လာခဲ့ပေမဲ့လည်း အစ်ကိုကြီးဖြစ်သူ သေဆုံးသွားပြီးနောက် ၊ အစ်မဖြစ်သူတွေကလည်း အိမ်ထောင်ကျသွားပြီး ကိုယ့်အိုးကိုယ့်အိမ်ထူထောင်သွားခဲ့ကြလို့ Liu ကို ဘယ်သူကမှ ဂရုမစိုက်နိုင်ခဲ့ကြပါဘူး ။

အကူအညီလိုအပ်နေတဲ့ Liu ကို မျက်ကွယ်မပြုနိုင်တဲ့အဆုံး Wu က တာဝန်ယူပေးဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ နှစ်ပေါင်း 20 ဝန်းကျင်က Wu ဟာ Liu ရဲ့နေအိမ်သို့ သွာလိုက် ၊ ပြန်လိုက် နဲ့ဂရုစိုက်ပေးနေခဲ့ရတာပါ ။ လွန်ခဲ့တဲ့ 10နှစ်ခန့်ကမှ Wu ရဲ့ခင်ပွန်းဟာ Liu အတွက် နေထိုင်ဖို့ အခန်းငယ်လေးပြင်ဆင်ပေးခဲ့တာပါ ။ Wu ရဲ့အလုပ်က Liu ကို သီးသန့်ပြုစုဖို့မဟုတ်ဘဲ တစ်ချိန်တည်းမှာ သူမရဲ့ကလေး 3ယောက် နှင့် အဘိုးအဘွားတွေကိုပါ ပြုစုပေးနေခဲ့ရတာပါ ။ ကံဆိုးစွာနဲ့ပဲ မိသားစုတစ်ခုလုံးကိုရှာဖွေကျွေးမွေးပေးနေတဲ့ ခင်ပွန်းဖြစ်သူသေဆုံးသွားခဲ့ချိန်မှာတော့ အပိုဝင်ငွေရအောင် Wu ဟာ တစ်လကို 5ရက်ခန့်အပြင်မှာ အလုပ်ထွက်လုပ်ခဲ့ရပါတယ် ။ သို့ပေမဲ့လည်း Liu ကို ကျွေးမွေးစောင့်ရှောက်ပေးနေရလို့ Wu ဟာ နောင်တရရှိခဲ့တာမျိုး လုံးဝမရှိခဲ့ပါဘူး ။

ပြီးခဲ့တဲ့နှစ်မှ အဆိုပါအဖြစ်အပျက်ကို အစိုးရကသိရှိသွားခဲ့ပြီး Liu အတွက်ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့ပါတယ် ။ အဆိုပါထောက်ပံ့ကြေးတွေကြောင့် Wu ဟာ အပြင်ထွက်ပြီးအလုပ်မလုပ်ရတော့ပဲ Liu ကိုသက်သက်သာသာ ကြည့်ရှုနိုင်ခဲ့တာပါ ။ ရွာသူကြီးက Wu ကိုနောက်ပိုင်း Liu ကို တာဝန်စောင့်ရှောက်ပေးဖို့မလိုကြောင်း ၊ အစိုးရဖက်က ကြည့်ရှုစောင့်ရှောက်ပေးသူ ငှါးရမ်းပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း နှစ်ပေါင်း 30 ကျော်လောက် စောင့်ရှောက်ပေးလာတဲ့ Wu လောက်တော့ ဘယ်သူကမှလိုက်လို့မီနိုင်မှာမဟုတ်ပါဘူး ။

Be the first to comment

Leave a Reply

Your email address will not be published.


*