ကောက်ရတဲ့ဒေါ်လာ၂၀ တန်နဲ့ ထီထိုးပြီး ဒေါ်လာ ၁ သန်းတန် ထီဆုကြီး ပေါက်သွားသူ

လမ်းမှာသွားရင်းလာရင်း ငွေစက္ကတစ်ချို့ကောက်ရကြဖူးပါသလား။ ကောက်ရတဲ့ပိုက်ဆံနဲ့ရော ထီထိုးဖူးကြပါသလား။ ထိုးဖူးရင်တောင် ထီဆုကြီးပေါက်ဖို့က မိုးပေါ်ကအပ်တစ်ချောင်းနဲ့ မြေကြီးပေါ်က အပ်တစ်ချောင်းထိကြဖို့လိုပဲ အခွင့်အလမ်း အလွန်တရာ ခဲယဉ်းမှာပါနော်။

ဆန်ဖရန်စစ္စကိုက ဟူဘတ်တန်အမည်ရ အမျိုးသားတစ်ယောက်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က ဆန်ဖရန်စစ္စကိုလေဆိပ်အပြင်ဘက် လမ်းမှာ ကောက်ရခဲ့တဲ့ ဒေါ်လာ ၂၀ တန်ငွေစက္ကူကို ထီထိုးလိုက်တာ ဒေါ်လာ ၁ သန်းတန် ထိပ်တန်း ထီဆုကြီး ပေါက်သွားတယ်လို့ သိရပါတယ်။


ဟူဘတ်တန်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ထီလက်မှတ်တစ်စောင်မျှ ဝယ်ယူခဲ့ခြင်းမရှိဘူးလို့လည်း ကယ်လီဖိုးနီးယားထီရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဘားမင်း(အရက်ချင်တွယ်ဖျော်စပ်ရောင်းချသူ)တစ်ဦးအဖြစ် အလုပ်လုပ်တဲ့ တန်ဟာ အဲ့ဒီဆုငွေကို လောလောဆယ်တော့ စုထားဖို့ စီစဉ်ထားပါတယ်။

ဆက်လက်ပြီးတော့လည်း ဒီအလုပ်ကိုပဲ လုပ်ကိုင်သွားမှာဖြစ်ပြီး ထီပေါက်ပြီးကတည်းကလည်း တစ်ရက်မှ အလုပ်မပျက်သေးဘူးလို့ သူက စီဘီအက်စ်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တန်က သူ့ရဲ့ကောင်းတဲ့ကံတွေကို ဝေမျှလိုတဲ့ရည်ရွယ်ချက်နဲ့ ဒေါ်လာ ၂၀ တန်ငွေစက္ကူတွေကို လမ်းမှာ ကြုံရာကျပန်းထားဖို့ကိုလည်း စီစဉ်နေတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*