သွားတဲ့နေရာတိုင်းကို များစွာသော ခွေးတွေ ၊ ကြောင်တွေ ၊ ငှက်တွေ တစ်ကောက်ကောက်လိုက်နေတာ ခံနေရတဲ့ အမျိုးသမီး (ရုပ်သံ)

Dilara IIter အမည်ရှိတဲ့ Turkey နိုင်ငံ ၊ Istanbul မြို့မှာနေထိုင်လျက်ရှိတဲ့ မိန်းကလေးဟာ ပြီးခဲ့တဲ့ 2017 ခုနှစ်ကတည်းက သူမရဲ့ twitter စာမျက်နှာပေါ်မှာ video တစ်ခုဝေမျှခဲ့ပါတယ် ။

အချိန်အတော်လေးကိုကြာနေပြီဖြစ်ပေမဲ့ လူတွေကအဆိုပါ video ကိုလူတွေကြည့်ရှုနေကြဆဲပါပဲ ။ Video ထဲမှာတော့ Dilara ဟာ သူမရဲ့မိဘနေအိမ်ရဲ့ပုတင်းပေါက်ကနေ လမ်းမပေါ်ကို video ရိုက်ယူခဲ့တာဖြစ်ပြီး ၊ လမ်းမပေါ်က အမျိုးသမီးနောက်ကို များစွာသော ခွေးတွေ ၊ ကြောင်တွေ နှင့် ငှက်လေးတွေက အဆက်မပြတ်တကောက်ကောက်လိုက်နေခဲ့တာပါ ။

မသိရင်တော့ အဆိုပါအမျိုးသမီးက Disney မင်းသမီးလေးတွေလို ကျနေတာပါပဲ ။ အဆိုပါအမျိုးသမီးဟာ အေးဆေးတည်ငြိမ်စွာလမ်းလျှောက်နေခဲ့ပြီး ၊ အိမ်နီးချင်းတွေရဲ့ပြောပြချက်အရ နိုင်ငံခြားသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ် ။ အဆိုပါ video က online ပေါ်မှာအတော်လေးပျံ့နှံ့သွားခဲ့ချိန်မှာတော့ Dilara နှင့် သူမရဲ့မိခင်တို့က အဆိုပါအမျိုးသမီးကို ရင်းနှီးစွားသွားရောက်စကားပြောခဲ့ပေမဲ့လည်း နိုင်ငံခြားသူဖြစ်နေတဲ့အတွက် ဘာသာစကားမတတ်ကျွမ်းလို့ စကားပြောတာအဆင်မပြေခဲ့ကြောင်း Dilara ကပြောပြခဲ့ပါတယ် ။

အဆိုပါအမျိုးသမီးက လမ်းဘေး ခွေးတွေ ၊ ကြောင်တွေ နှင့် ငှက်ကလေးတွေကို အမြဲအစားကျွေးပြီး စောင့်ရှောက်လေ့ရှိလို့ တိရစ္ဆာန်လေးတွေက သူမနောက်အမြဲတကောက်ကောက်လိုက်နေတာဖြစ်ပါတယ် ။ နှစ်တွေကြာလာပေမဲ့လည်း အဆိုပါအမျိုးသမီးကို Dilara မြင်လိုက်တဲ့အချိန်တိုင်း တိရစ္ဆာန်လေးတွေက သူ့နောက်တကောက်ကောက်လိုက်နေသေးကြောင်း ပြောပြသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*