
ဖခင်ရဲ့ အလိုအလျှောက်သိစိတ်ကြောင့် ပျက်စီးနေတဲ့ ကားအတွင်း ပိတ်မိနေတဲ့ သားဖြစ်သူကို အသက်ကယ်နိုင်ခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်ရှိတဲ့ လက်ဘရစ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယူးဆောက်ဝေးလ်ပြည်နယ်မှာ ကားမောင်းနေတုန်း လမ်းဘေးကိုထိုးကျသွားခဲ့ပြီး ကားထဲမှာ နာရီ ၃၀ ကြာ ပိတ်မိနေခဲ့ပါတယ်။
သူငယ်ချင်းဖြစ်သူက လက်ဘရစ် ရောက်မလာလို့ ဆက်သွယ်ချိန်မှာ သူ့မိသားစုတွေ စိတ်ပူပြီး ရဲတပ်ဖွဲ့က အကြောင်းကြားခဲ့ပါတယ်။ ဒီအချိန်မှာ လက်ဘရစ်ရဲ့ဖခင် တိုနီက လွန်ခဲ့တဲ့ ၅ နှစ်က သူတို့ဒေသမှာဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုအကြောင်း သတိရသွားပါတယ်။ အဲဒီဖြစ်စဉ်မှာ ကားထဲ ပိတ်မိနေတဲ့ ယာဉ်မောင်းကို (၅)ရက်တိုင်တိုင် ရှာမတွေ့ခဲ့လို့ ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ဖူးပါတယ်။
သူ့သားကို ဒီလိုအဖြစ်ဆိုးမျိုး မကြုံစေချင်တဲ့ ဖခင်က ရဟတ်ယာဉ် ငှားရမ်းခဲ့ပြီး သားဖြစ်သူကို လိုက်ရှာစေခဲ့ရာမှာ ၁၀ မိနစ်အတွင်း သားဖြစ်သူကို တွေ့ခဲ့ပါတယ်။ လက်ဘရစ်ဟာ ပျက်စီးနေတဲ့ကားရဲ့ ကားစက်ဖုံးအောက် ပိမိနေတာပါ။ သူ့ကို ဆွဲထုတ်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက တစ်နာရီလောက် အချိန်ယူခဲ့ရပါတယ်။ လက်ဘရစ်ဟာ အရိုးကျိုး ဒဏ်ရာတွေကြောင့် ဆေးရုံတက်နေရပြီး အရေးပေါ်အခြေအနေ ရှိနေတယ်လို့ ဘီဘီစီက ဖော်ပြထားပါတယ်။
Leave a Reply