ကြက်ဆီထမင်းစားချင်ရင် ဆိုင်ရှင်အိပ်ယာထတာကိုစောင့်နိုင်မှ စားရမယ့် စားသောက်ဆိုင်

လူတွေဟာ နေ့စဉ်ဘဝ ရုန်းကန်လှုပ်ရှားကြဖို့ ပုံမှန်အချိန်မှာအိပ်ယာထကြပြီး နေ့စဉ်လုပ်ငန်းကိုလုပ်ကိုင်နေကြရသူတွေပါ ။ တစ်ခါတစ်လေ ပင်ပန်းလွန်းလို့ ၊ ပျင်းလွန်းလို့ အိပ်ယာကနေလုံးဝမထချင်တဲ့ အခိုက်အတန့်မျိုးလည်းရှိကြမှာပါ ။

ဒီတစ်ခေါက်ဖော်ပြမဲ့ မလေးရှားနိုင်ငံ ကြက်ဆီထမင်းဆိုင်တစ်ဆိုင်ဟာဆိုရင် သူ့ဆိုင်ကအစားအသောက်တွေကိုစားချင်ရင် ဆိုင်ရှင်အိပ်ယာထတာကိုအရင်စောင့်ရမှာပါ ။ ဘာလို့လည်းဆိုတော့ ဆိုင်ရှင်ကသူ့ရဲ့ဆိုင်မှာ ည 10နာရီမှ အိပ်ယာထပါတယ် ဆိုပြီး စာရေးသားထားတဲ့အပြင် ၊ ဆိုင်ရဲ့နာမည်ကိုလည်း ‘ Wake up chicken rice ‘ ဆိုပြီး ပေးထားပါသေးတယ် ။

ဆိုင်မှာ ကြက်ဆီထမင်းတစ်မျိုးတည်းကိုပဲ ရောင်းချတာမဟုတ်ပါဘူး ၊ Beancurd Roll ဆိုတဲ့ အကြော်တစ်မျိုးကိုလည်း ရောင်းချပါသေးတယ် ။ ‘ အဲတာကို ဘယ်မှာမှရှာလို့ရမှာမဟုတ်ဘူး ၊ ကျွန်တော့်ဆိုင်မှာပဲ ရတာပါ ၊ ကျွန်တော့်ဆိုင်ရဲ့ အမှတ်အသားလို့ ပြောလို့ရပါတယ် ‘ ဆိုပြီး ဆိုင်ပိုင်ရှင်ကရှင်းပြခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*