တိုက်ရိုက်မိုးလေဝသသတင်းကြေညာနေတုန်း မိုးကြိုးပစ်ခံရတော့မလိုဖြစ်သွားတဲ့ သတင်းသမား

ကံကောင်းတာဘဲလား?ကံဆိုးတာဘဲလား? မသဲကွဲတဲ့ လူတစ်ယောက်ရဲ့ ဖြစ်ရပ်ကတော့ လေကြီးမိုးကြီးထဲမှာ တိုက်ရိုက်သတင်းလွှင့်ရာကနေစတင်ခဲ့တာဘဲဖြစ်ပါတယ်။မိုးကြိုး ပစ်ခြင်းရဲ့ အတွေ့အကြုံအနည်းငယ်ကိုတော့ သိရှိသွားလောက်တဲ့ လူတစ်ယောက်လို့လည်းပြောနိုင်ပါတယ်။

ဒီအတိုင်းပြောရင် ယုံကြမှာမဟုတ်ပေမယ့် တိုက်ရိုက်ထုတ်လွှင့်နေတုန်းဖြစ်သွားတဲ့ အတွက်ကြောင့်မို့လို့ လူအများကလည်း လက်ခံလာကြပါတယ်။ရှန်ဒုန်းပြည်နယ်က သတင်းသမား Dalian ကတော့ သူ့ရဲ့ ကိုယ်ပိုင် ချန်နယ်တစ်ခုမှာ ထုတ်လွှင့်ဖို့အတွက် မိုးလေဝသသတင်းကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

ဒီလိုထုတ်လွှင့်နေတဲ့ အခိုက်အတန့်မှာ အခုလိုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပိုဆိုးချင်တော့ သူတက်ပြီးရိုက်ကူးနေတာကလည်း အရမ်းကို အထပ်မြင့်တဲ့တိုက်ဖြစ်တဲ့အပြင် မည်သည့် အကာအကွယ်မှလည်း မရှိခဲ့တာဖြစ်ပါတယ်။

သူတွေ့ကြုံခဲ့ရတဲ့ ၎င်းဖြစ်ရပ်ဗီဒီယိုကို အောက်မှာ ပူးတွဲဖော်ပြထားပါတယ်။ဒီလိုမျိုး တွေ့ကြံုခဲ့ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ လက်မောင်း လက်တွေနှင့် လက်ချောင်းတွေဟာ နာကျဉ်နေတယ်လို့ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*