အဝလွန်တဲ့ယောင်္ကျာလေး နဲ့ ပိန်ပိန်သွယ်သွယ်မိန်းကလေးတွေကို အခမဲ့စားသောက်ခွင့်ပေးတဲ့ စားသောက်ဆိုင်

တရုတ်နိုင်ငံရှိစားသောက်ဆိုင်အတော်များများက ထူးထူးဆန်းဆန်းအစီအစဉ်တွေနဲ့ ၎င်းတို့ရဲ့စားသောက်ဆိုင်ကို promotion လုပ်လေ့ရှိကြပါတယ် ။

ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Chongqing မြို့မှာရှိတဲ့စားသောက်ဆိုင်တစ်ဆိုင်ဟာ ဝတဲ့ယောင်္ကျားလေးတွေ နဲ့ ပိန်ပိန်သွယ်သွယ်မိန်းကလေးတွေအတွက် အစားအသောက် discount ပေးခဲ့ပါတယ် ။ Customer ယောင်္ကျားလေးများအနေနဲ့ ကိုယ်အလေးချိန် 140kg ( ပေါင်ချိန် 310) အထက်ရှိပါက အစားအစာ အခမဲ့စားသောက်ခွင့်ရမှာပါ ။

ထို့အပြင် Customer တွေထဲကမှ အဝဆုံးယောင်္ကျားလေးမှာလည်း နောက်ထပ်ဆုကြေးငွေမျိုး လက်ခံရရှိမှာပါ ။

 

မိန်းကလေးများအနေနဲ့ကတော့ ကိုယ်အလေးချိန်အနဲဆုံးက disscount တွေရရှိမှာပါ ။ မိန်းကလေးများကတော့ ကိုယ်အလေးချိန် 34.5kg (ပေါင်ချိန် 76) ထက်နည်းပါက သူမအတွက်အစားအသောက် free ရရှိမှာပါ ။ ဒါတင်မကပါဘူး အစားအသောက် အော်ဒါမှာရင်လည်း delivery ကြေး အခမဲ့ရရှိအုံးမှာဖြစ်ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*