အသက်(၅)နှစ်သာရှိသေးပေမယ့် အမာခံပရိသတ်(၅)သောင်းကျော်ရရှိနေပြီဖြစ်တဲ့အသက်အငယ်ဆုံးမော်ဒယ် ကောင်မလေး

အစ္စရေးနိုင်ငံ တဲလ်အဗစ်ဗ်မြို့က မီယာအက်ဖလာလိုလို့အမည်ရတဲ့ ၅ နှစ်သမီးလေးကတော့ လက်ရှိလူမှုကွန်ယက် အရမ်းကိုရေပန်းစားနေပါတယ်။အဆိုပါကလေးမလေးကတော့ သူမရဲ့ ရှည်လျားလှပတဲ့ ဆံနွယ်တွေကြောင့် နာမည်ကြီးနေခဲ့တာဖြစ်ပြီး အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာသူမကိုအားပေးတဲ့ ပရိသတ် ၅ သောင်းနီးပါးရှိနေပြီလို့သိရပါတယ်။ပရိသတ်တွေကတော့သူမကိုအနာဂတ်မှာ ထွန်းတောက်လာမယ့် မော်ဒယ်ကောင်မလေးဆိုပြီး နာမည်တွင်စေခဲ့တာပဲ ဖြစ်ပါတယ်။

မီယာကတော့လက်ရှိမှာ ဗြိတိန်နာမည်ကြီး မဂ္ဂဇင်းတစောင်ဖြစ်တဲ့ Vogue မှာလည်း မော်ဒယ်အဖြစ် အလှဓာတ်ပုံ ရိုက်ကူးခဲ့ပြီးပြီလို့သိရပါတယ်။ မီယာဟာ ပါးနပ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ကလေးငယ်တဦးဖြစ်တယ်လို့ သူမရဲ့ ဆံပင်အလှဖန်တီးရှင်တဦးဖြစ်တဲ့ ဆာဂီ ဒါဟာရီ ကဆိုပါတယ်။ ဒါပေမယ့် ခုလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အများက စိတ်ဝင်စားမှုတွေ မြင့်တက်လာမှုအပေါ် မီယာရဲ့ မိခင်ကတော့ စိုးရိမ်စိတ်ပူနေခဲ့တယ်လို့သိရပါတယ်။

အင်စတာဂရမ် စာမျက်နှာပေါ်မှာတော့ မီယာရဲ့ ဆံပင်ပုံစံအမျိုးမျိုးနဲ့ ရိုက်ကူးထားခဲ့တဲ့ အလှဓာတ်ပုံတွေ အများကြီး တင်ထားခဲ့ပြီး ဆံပင်အခွေလိုက် ကောက်ထားတဲ့ ပုံတပုံဟာဆိုရင် ပရိသတ် ၈၀၀၀ ကျော်ထိ ရှိနေခဲ့တာကို တွေ့ရပါတယ်။ပရိသတ်ထဲက တယောက်ကတော့ သူမကို“တကယ့်ကို အံ့မခန်း လှပတဲ့ မိန်းကလေးပဲ” လို့ မှတ်ချက်ရေးခဲ့ပါတယ်။

တချို့ပရိသတ်တွေကလည်း ငယ်ရွယ်လွန်းတဲ့ မီယာရဲ့ အလှဓာတ်ပုံတွေကို အွန်လိုင်းပေါ်မှာ မသမာတဲ့သူတွေ အသုံးချသွားမှာ စိတ်ပူစရာကောင်းတယ်လို့ ဝေဖန်မှတ်ချက်တွေ ပေးနေကြတာကိုမြင်တွေ့ရပါတယ်။တယောက်ကတော့ “တကယ်လို့ ကျမမှာ ခုလိုအရွယ် သမီးလေးတယောက်ရှိရင် ဒီလိုမျိုး ခွင့်မပြုဘူး” လို့ ရေးထားပါတယ်။ချစ်စရာကောင်းတဲ့မီယာရဲ့ဓာတ်ပုံလေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*