ပညာလိုအိုသညျမရှိဆိုတဲ့ စကားပုံလေးကို သကျသပွေခဲ့တဲ့ အဘှားအို

ပညာဆို အိုသည်မရှိဆိုတဲ့ မြန်မာစကားပုံလေးကိုတော့ သက်သပြလိုက်သလိုဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုကတော့ ဖြစ်ပေါ်လို့လာခဲ့ပါပြီ။

ထိုစကားပုံလေးကိုသက်သေပြခဲ့တာကတော့ ထိုင်းနိုင်ငံက အသက် ၈၄ နှစ်အရွယ် အဘွားအိုတစ်ဦးပဲဖြစ်ပါတယ်။

အဘွားအိုကတော့ အဘွားတို့ခေတ်တုန်းကတော့ အမြင့်ဆုံးနေခဲ့ရတာက ၄ တန်းထိပါပဲ ၊ ဒါ့ကြောင့်အဘွားတို့စာဆက်သင်ခွင့်မရခဲ့ပါဘူး။ အခုအချိန်မှာတော့ ၆ တန်းစာမေးပွဲကိုပါ ပြန်လည်ဖြေဆိုနိုင်ရမယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ ကျောင်ပြန်တက်ခဲ့တာပဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံက အသက် ၈၄ နှစ်အရွယ် အဘွားအိုတဦးဟာ ၆ တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုနိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ခုသီတင်းပတ်မှာတော့ သူ့အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့မှာတော့ ဘွားဘွား ကေဆွန်ဆုခ်ဆမ်ဟာ ယာဆိုသွန်ခရိုင်ထဲက အချိန်ပိုင်း စာသင်ကြားလို့ရတဲ့ ကျောင်းဆီ စာမေးပွဲဖြေဖို့ ရောက်ရှိလာခဲ့ပါတယ်။ ထိုကျောင်းကိုအရောက်မှာတော့ ဆရာက စာမေးပွဲလာဖြေဖို့ အိမ်က သားတွေ၊ မြေးတွေကို ဘာလို့လိုက်မပို့ခိုင်းဘဲ ခုလို စက်ဘီးနဲ့ လာခဲ့ရသလဲဆိုတဲ့ မေးခွန်းကိုတော့ သူတို့မှာ အလုပ်ကိုယ်စီနဲ့မို့ အနှောင့်အယှက် မပေးချင်တာမို့ ခုလိုလာခဲ့တာလို့ ဖြေကြားခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင် အဘွားဟာ အသက်အရွယ်နဲ့ မလိုက်အောင် အတန်းထဲမှာ သူငယ်ချင်းတွေ အများကြီး ရှိခဲ့ပြီး ခင်မင်နှစ်လိုဖွယ် ကောင်းနေခဲ့တာပဲဖြစ်ပါတယ်။

အဘွားအိုကို လေးစားခဲ့ရတဲ့ ကျောင်းဆရာ ကတော့ “ကျနော် အဘွားကို တကယ်ချီးကျူးမိပါတယ်။ ခုလိုအသက်အရွယ်မှာတောင် ဘာကိုမှ စိတ်မပျက်ဘဲ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အလုပ်လုပ်နေတာ တကယ့်ကို အံ့သြစရာပါပဲ။ ဒါဟာ ပညာရေးနဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့ ရိုးရာအယူအဆတွေကို ချိုးဖျက်လိုက်တာပါပဲ။”လို့လည်းပြောကြားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*