သင်မမြင်ဖူးသေးတဲ့ အတိတ်က စင်ကာပူနိုင်ငံရဲ့ ပုံရိပ်များ

စင်ကာပူမှာနေထိုင်တဲ့ ဓာတ်ပုံဆရာ လွီဟောက်ဆန်းကတော့ သူရိုက်ကူးထားတဲ့ အတိတ်ကစင်ကာပူနိုင်ငံရဲ့ ပုံရိပ်တွေကို ထုတ်ပြခဲ့ပါတယ်။ လွီဟောက်ဆန်းကတော့ စကာၤပူနိုင်ငံရဲ့ လူနေမှုပုံစံတွေကို ပုံဖော်လာခဲ့တာ နှစ်၅၀ ကျော်ရှိခဲ့ပြီလို့လဲသိရပါတယ်။

လွီဟောက်ဆန်းကတော့ ယခုဆိုရင် အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး သူမှတ်တမ်းတင်ထားတဲ့ စကာၤပူနိုင်ငံရဲ့ ပုံရိပ်တွေဟာဆိုရင် နှောင်းလူတွေအတွက်တော့ လေ့လာစရာတစ်ခုပါပဲ။အခုဆိုရင်တော့ စကာၤပူနိုင်ငံဟာ သူရဲ့ပုံရိပ်တွေထဲကနဲ့ မတူတော့ဘဲ လုံးဝပြောင်းလဲခဲ့ပြီပဲဖြစ်ခဲ့ပါတယ်။

အခုဆိုရင်တော့ လွီဟောက်ဆန်းဟာ သူ့ရဲ့ပထမဆုံး ဓာတ်ပုံစာအုပ်ကို ထုတ်ဝေခဲ့ပြီဖြစ်တယ်လို့လဲ သိရပါတယ်။ ထိုစာအုပ်အတွင်းမှာတော့ စင်ကာပူနိုင်ငံရဲ့ အတိတ်က ပုံရိပ်တွေကို စုစည်းထုတ်ဝေထားတာကြောင့် လေ့လာချင်တဲ့သူတွေအတွက်တော့ တကယ်အဆင်ပြေစေနိုင်တဲ့စာအုပ်လေးတစ်အုပ်ပဲဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*