သားသမီးတွေကိုဈေးပေါလွန်းတဲ့ အဝတ်အစားတွေသာပေးဝတ်ပြီး ကိုယ့်ကိုကျ brand တွေသာဝတ်ဆင်တယ်ဆိုပြီး ဝေဖန်ခံနေရတဲ့မိခင်ရဲ့အဖြစ်

ကနေဒါနိုင်ငံ ၊ Vancouver မြို့မှာနေထိုင်နေလျက်ရှိတဲ့ မိခင်တစ်ဦးဟာ သူမဝတ်ဆင်တဲ့အဝတ်အစား brand တံဆိပ်တွေကြောင့် social media ပေါ်မှာ ဝေဖန်အပြစ်တင်ခံနေရလျက်ရှိပါတယ် ။

Instagram Influencer တစ်ယောက်ဖြစ်တဲ့ Caitlin Fladager အမည်ရှိတဲ့ အသက် 26 နှစ်အရွယ်ကလေးမိခင်ဟာ သူမရဲ့ fashion နှင့် မိဘတစ်ယောက်လို သားသမီးတွေပေါ် ပြုစုပျိုးထောင်တဲ့လုပ်ရပ်ဟာ မှားယွင်းနေကြောင်း လူအတော်များများက ပယ်ပယ်နယ်နယ်ဝေဖန်ရှုတ်ချခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ဝေဖန်မုန်းတီးတိုက်ခိုက်နေသူကို သူမကအေးဆေးစွာပြန်လည်တုံ့ပြန်ခဲ့ပါတယ် ။

‘ ကျွန်မက brand အဝတ်အစားတွေပေါ် အစားအစာတွေမောက်ကျပြီး ညစ်ပတ်သွားတာမျိုးမကြိုက်ပါဘူး ၊ အဝတ်အစားတွေညစ်ပေနေပြီး အပြင်မှာအချိန်အကြာကြီးမနေတတ်သလို ၊ brand အဝတ်အစားအသစ်တွေ ပေါက်ပြဲသွားတာမျိုးလည်း မကြိုက်ပါဘူး ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။

ထို့အပြင် ‘ ကျွန်မကလေးတွေက တအားရှုတ်တယ် ၊ ညစ်ညစ်ပတ်ပတ်ဆော့ရတာကြိုက်တယ် ၊ အဲ့ကြောင့်သူတို့ကို ဈေးပေါတဲ့အဝတ်အစားတွေဝယ်ပေးတယ် ၊ အဝတ်အစားအပေါ် အစားအသောက်တွေမှောက်ကျသွားလို့ ဆူဆဲနေတဲ့မိခင်မျိုးတော့ မဟုတ်ပါဘူး ၊ ကလေးတွေဆော့နေရင်လည်း စောင့်ကြည့်ပေတယ် ၊ကလေးတွေရဲ့ အဝတ်အစားပေမှာကို တအားဂရုစိုက်တဲ့သူတော့မဟုတ်ပါဘူး ” ဆိုပြီး ဝေဖန်မုန်တီးနေကြသူကို သူမရဲ့ပုံစံအတိုင်ပြန်တုံ့ပြန်သွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*