
(၁၂)လရာသီခွင်တွေရဲ့ သဘောသဘာဝအရ ထွက်ပေါ်လာတဲ့ လက္ခဏာရပ်တွေ များစွာရှိတဲ့အနက်မှ သစ္စာအရှိတတ်ဆုံးရာသီခွင်တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ သစ္စာအရှိဆုံးတွေကနေ မရှိဆုံးအထိ အစဉ်လိုက်စီပေးထားပါတယ်။
ကိုယ့်ရာသီခွင်တွေနဲ့ တိုက်ကြည့်ပြီး မှန်မမှန်လည်း ပြန်ပြောဦးနော်
(၁) Cancer (ကရကဋ်)- June 22 to July 22
ကရကဋ်ရာသီဖွားနဲ့ချစ်မိပြီဆိုရင် တစ်ဘဝစာလက်တွဲဖော်ရပြီလို့သာမှတ်လိုက်ပါ။ သူတို့ဟာ သစ္စာအရမ်းရှိပြီး သင်လည်း သူတို့ဆီက ယုံကြည်မှုပြန်ရလိုက်ပြီဆိုရင် နှစ်ဦးနှစ်ဖက်နားလည်မှုရှိစွာ တစ်သက်လုံးလက်တွဲသွားနိုင်ကြမှာပါ။
(၂) Leo (သိဟ်)- July 23 to Aug 23
သိဟ်ရာသီဖွားတွေဟာ အချစ်ရေးမှာ အဆင်မပြေတတ်လို့ သူတို့ကို သစ္စာမရှိဘူးထင်ရင် မှားသွားပါလိမ့်မယ်။ သူတို့က ကိုယ့်ကိုယ်ကို ဘဝင်မြင့်တတ်ကြပေမယ့် လုံလောက်တဲ့ ဂရုစိုက်မှုမျိုးပေးရင် သင့်ကိုလည်း တစ်သက်လုံးသစ္စာရှိသွားနိုင်ကြသူတွေပါ။
(၃) Capricorn (မကာရ)- Dec 22 to Jan 20
မကာရတွေနဲ့ ပတ်သက်ဖူးသူတိုင်း သူတို့ဟာ ဘယ်လောက်စိတ်ရှုပ်စရာကောင်းလဲဆိုတာသိကြမှာပါ။ သူတို့ဟာ ထိခိုက်လွယ်ပြီး ချစ်ရမှာလည်း ကြောက်လေ့ရှိကြပေမယ့် သူတို့တကယ်ချစ်မိသွားပြီဆိုရင် သင့်အတွက် သစ္စာရှိမှုအပြည့်အဝပေးကြပါတယ်။
(၄) Auquarius (ကုံ)- Jan 21 to Feb 18
ကုံရာသီဖွားတွေက အချစ်ရေးတစ်ခုကိုတောင် မနည်းရအောင် ထိန်းထားရသူတွေဖြစ်တဲ့အတွက် တစ်ခုထက် ပိုတဲ့အချစ်ရေး သူတို့မှာ မရှိပါဘူး။ သူတို့ဟာ လူမှုရေးလည်း သိပ်မကောင်းတဲ့အတွက် ခြေရှုပ်မှာလည်း ပူစရာမလိုပါဘူး။
(၅) Taurus (ပြိဿ)- April 21 to May 20
ပြိဿတွေဟာ အရမ်းတွယ်ကပ်လွန်းတတ်တဲ့ချစ်သူတွေဖြစ်ပြီး သင့်အပေါ်ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ပါဘူး။ သင်မှားနေခဲ့ရင်တောင် သင့်အပေါ်နားလည်ပေးနိုင်တဲ့ ပြိဿဟာ တစ်ဘဝလုံးမှာ တွေ့ဖူးတဲ့ သစ္စာအရှိဆုံးသူတစ်ဦးဖြစ်မှာပါ။
(၆) Virgo (ကန်)- Aug 24 to Sep 23
ကန်ရာသီဖွားတို့ဟာ ကိုယ့်ကျင့်တရားနဲ့ပတ်သက်ရင် စံနှုန်းမြင့်သူတွေဖြစ်တာကြောင့် သစ္စာဖောက်ခြင်းကို အရမ်းမုန်းကြပါတယ်။ တကယ်ချစ်မိသွားပြီဆိုရင် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လုံးဝလက်မလျှော့ပဲ သည်းခံပြီး ဆက်ချစ်တတ်ကြသူတွေပါ။
(၇) Aries (မိဿ)- Mar 21 to April 20
မိဿတွေကတော့ အချစ်ရေးမှာ အရမ်းရိုးလွယ် ပြောင်းလဲလွယ်ကြသူတွေပါ။ အချစ်ရေးမှာဆိုရင် အဆင့်လည်း အရမ်းတက်လိုကြသူတွေဖြစ်ပြီး တစ်ဦးနဲ့လည်း ကြာကြာမနေနိုင်ကြသူတွေဖြစ်ပါတယ်။
(၈) Libra (တူ)- Sep 24 to Oct 23
တူရာသီဖွားတွေက အတွေးလွန်တတ်ကြသူတွေပါ။ အချစ်ရေးမှာ အမြဲအတွေးလွန်တတ်တာကြောင့် နောက်တစ်ယောက်ချစ်ဖို့ အမြဲတွေးတတ်ကြပါတယ်။ သူတို့ရဲ့ တက်ကြွနေတဲ့ စိတ်ကြောင့် ခြေငြိမ်ဖို့ခက်ပါတယ်။
(၉) Scorpio (ဗြိစ္ဆာ)- Oct 24 to Nov 22
ဗြိစ္ဆာတွေဟာ ရည်မှန်းချက်ကြီးတတ်ကြပြီး သူတို့အတွက် မဖြစ်သင့်တာမျိုးတွေဆို ပိုပြီး ရယူဖို့ ကြိုးစားတတ်ကြပါတယ်။ မလုပ်သင့်တာကို လုပ်ဖို့ ကြိုးစားမိတတ်တဲ့ စိတ်ကြောင့် သစ္စာဖောက်နိုင်ချေများကြပါတယ်။
(၁၀) Pisces (မိန်)- Feb 19 to Mar 20
မိန်ရာသီဖွားတွေဟာ လူမှုရေးလည်း အရမ်းကောင်းကြတာကြောင့် သစ္စာမရှိကြတာလည်း မဆန်းပါဘူး။ အမြဲတမ်း လူများစွာနဲ့ ပေါင်းသင်းဆက်ဆံနေတဲ့အတွက် အချစ်ရေးကလည်း အမြဲတစ်ဦးထက်ပိုပြီး ပေါ်ပေါက်နိုင်ပါတယ်။
(၁၁) Sagittarius (ဓနု)- Nov 13 to Dec 21
ဓနုတွေဟာ ကတိမတည်တတ်တဲ့နေရာမှာ နာမည်ကြီးကြတဲ့အတွက် အခုလိုစာရင်းအောက်ဘက်မှာ ရောက်နေတာပါ။ သူတို့ဟာ အတည်တကျအချစ်ရေးမျိုးကို မလိုလားကြဘဲ သူတို့ရဲ့ လွတ်လပ်မှုကိုသာ ရှေ့တန်းတင်ကြသူတွေပါ။
(၁၂) Gemini (မေထုန်)- May 21 to June 21
မေထုန်တွေဟာ အလွန်ပြောင်းလဲလွယ်တတ်ကြတဲ့အတွက် သင့်အပေါ်မှာ သစ္စာမရှိနိုင်ချေအများဆုံး ရာသီဖွားပဲဖြစ်ပါတယ်။ သူတို့ကို လူများစွာ စိတ်ဝင်စားလာအောင်လည်း လုပ်တတ်ကြပြီး အကုန်လုံးကိုလည်း ပြန်လှည့်စားတတ်သူတွေပါ။ အချစ်ရေးအတွက် တစ်ယောက်နဲ့ မကျေနပ်နိုင်ကြပါဘူး။
Ref: Relationship Rules
Leave a Reply