
Cambry အမည်ရှိတဲ့မိန်းကလေးတစ်ယောက်ဟာ သူမရဲ့အရွယ်ရောက်ပြီးအချိန်တစ်ခုလုံး သွားချင်တဲ့နေရာတိုင်းသွားလို့မရအောင် ကန့်သတ်ချုပ်ခြယ်ထားသလိုဖြစ်ခဲ့ရပါတယ် ။ ဒါကြောင့် သူမကိုနေရာအနှံ့ရောက်ဖူးအောင် Zack Nelson အမည်ရှိတဲ့ ချစ်သူက အလယ်မှာထိုင်ခုံလေးတစ်ခုပါတဲ့လျှပ်စစ်စက်ဘီးလေး တီထွင်ပေးခဲ့ပါတယ် ။ အဆိုပါစက်ဘီးလေးကိုလည်း အောင်မြင်စွာတီထွင်အသုံးပြုနိုင်ခဲ့လို့ Cambry ဟာ သူမဘဝတစ်လျှောက် မရရှိဖူးတဲ့လွတ်လပ်ခွင့်မျိုးရရှိပြီး ၊ သွားချင်တဲ့နေရာတိုင်း လွယ်ကူစွာသွားရောက်နိုင်ခဲ့ပါတယ် ။ အရင်ချိန်က အခြားလူတစ်ယောက်ရဲ့အကူအညီမပါရင် ၊ နေရာတစ်ခုကိုရောက်အောင်သွားဖို့ ပုခုံးတစ်ခုလုံးကိုက်ခဲနာကျင်တဲ့အထိဖြစ်နေခဲ့ရတဲ့ Cambry ဟာ အခုဆိုရင် လွတ်လပ်စွာသွားလာနိုင်ခဲ့ပါပြီ ။ တစ်နှစ်အကြာမှာတော့ သူမတို့စုံတွဲဟာ လက်ထပ်ထိမ်းမြားခဲ့ကြပြီး ‘ Not a wheelchair’ လို့ခေါ်တဲ့ အဆိုပါစက်ဘီးလေးကို ထုတ်လုပ်ရောင်းချဖို့စီစဉ်ခဲ့ပါတော့တယ် ။ ဘယ်နေရာမှာပဲဖြစ်ဖြစ်သွားလာလို့ရအောင် ၎င်းတို့စုံတွဲကိုယ်တိုင်က ဒီဇိုင်းရေးဆွဲခဲ့ကြောင်း သိရှိရပါတယ် ။
#1
#2
#3
#4
#5
#6
#7
#8
#9
#10
#11
#12
#13
#14
#15
Leave a Reply