စိုးရိမ်ပူပန်မှု့တွေလျော့သွားစေနိုင်ဖို့အတွက် ခွဲစိတ်ခန်းထဲမှာ ဖုန်းအသုံးပြုခဲ့တဲ့ အမျိုးသမီး

တရုတ်ပြည်က အသက် ၆၉နှစ်အရွယ်အမျိိုးသမီးလူနာတစ်ယောက်ကတော့ ခြေထောက်မှာ သွေးပြန်ကြောတွေဖောင်းပွတဲ့ ရောဂါဝေဒနာကိုခံစားနေရတာ အတော်ကိုကြာနေပြီဖြစ်ပါတယ်။သူမရဲ့ အလုပ်အကိုင်ဟာ တစ်ချိန်လုံးမတ်တပ်ရပ်နေရတဲ့ အလုပ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူမဟာ ဒီဝေဒနာကို ဆယ်နှစ်ကြာအောင်ခံစားခဲ့ရတာဘဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ဆရာဝန်တွေရဲ့ အကြံပြုချက်အရ သူမဟာ ခြေထောက်ကို ခွဲစိတ်မှု့ပြုလုပ်ခဲ့တာဘဲဖြစ်ပါတယ်။အခုလို ခွဲစိတ်ခန်းထဲကိုဖုန်းယူဆောင်လာလို့ရခဲ့တာဟာလည်း ဆရာဝန်တွေရဲ့ သဘောတူညီမှု့ကြောင့်ပါလို့ သူမကပြောပြခဲ့ပါတယ်။

ခွဲစိတ်ခန်းထဲကို ဖုန်းယူလာခဲ့တဲ့ သူမဟာ သူမရဲ့ ခွဲစိတ်နေစဉ်တစ်လျှောက်လုံးမှာ သတိရနေတဲ့အတွက်ကြောင့် ဖြစ်စဉ်တွေအကုန်လုံးကို ဓာတ်ပုံရိုက်ကူးခဲ့တယ်လို့လည်း သိရပါတယ်။ဘာလို့ဒီလိုခွင့်ပြုခဲ့ရသလည်းဆိုုတော့ ၎င်းခွဲစိတ်မှု့ဟာ အသေးစားခွဲစိတ်မှု့ဖြစ်တာကြောင့်လို့ ဆရာဝန်တွေကပြောပြခဲ့ပါတယ်။

ခွဲစိတ်မှု့ပြုလုပ်ပြီး ၁၈မိနစ်အကြာမှာဘဲ သူမဟာ လမ်းစလျှောက်နေပြီဘဲဖြစ်ပါတယ်။ ဆရာဝန်ကတော့ သူမကိုဖုန်းယူဆောင်ခွင့်ပြုခဲ့တာနှင့် ပတ်သက်ပြီးတော့ မည်သည့်ပြသနာမှမရှိကြောင်း အာမခံခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*