‘ ဒိုင်နိုဆော ‘ ကိုကြောက်ပေမဲ့လည်း ကင်မရာရှေ့မှာမို့ အလိုက်အထိုက်ပြုံးပြနေရတဲ့ ကလေးငယ်ရဲ့အဖြစ် (ရုပ်သံ)

တော်တော်လေးကိုကြောက်လန့်နေပေမဲ့ အလိုက်အထိုက်ပြုံးပြနေခဲ့တဲ့ ကလေးငယ်ရဲ့အဖြစ် video ဟာ social media ပေါ်မှာရေပန်းစားနေလျက်ရှိပါတယ် ။

အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့တရုတ်နှစ်သစ်ကူးနေ့တုန်းက ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ ပန်းခြံထဲမှာရှိနေတဲ့ ဒိုင်နိုဆောအရုပ်ကို ကလေးငယ်က အကြောက်ကြီးကြောက်နေခဲ့တာပါ ။ မိဘတွေက ကလေးငယ်ကို ဒိုင်နိုဆောအနီးမှာဓာတ်ပုံရိုက်ဖို့ pose ပေးခိုင်းတဲ့အချိန်မှာ မိဘတွေစိတ်ချမ်းသာအောင် ကလေးငယ်က အလိုက်အထိုက်ပြုံးပြခဲ့တာပါ ။

ဒါတင်မကသေးပါဘူး ကလေးငယ်ရဲ့မိခင်က သားလေးကိုအနောက်က ဒိုင်နိုဆောကို kiss လေးပေးလိုက်ပါအုံးဆိုပြီး ခိုင်းလိုက်ချိန်မှာတော့ ကလေးငယ်ကသူ့မှာရှိသမျှသတ္တိတွေအကုန်ထုတ်ပြီး မိခင်စကားလိုက်နာခဲ့ပါသေးတယ် ။

အဆိုပါအခိုက်အတန့်လေးကို ကလေးငယ်ရဲ့ဖခင်က ကင်မရာနဲ့အမိအရရိုက်ယူထားနိုင်ခဲ့ပြီး ချစ်မဝနိုင်နဲ့သားလေးရဲ့ရုပ်ပုံလေးကို social media ပေါ်မှာ ဝေမျှပေးခဲ့တာပါ ။ Social media အသုံးပြုသူတော်တော်များများကလည်း ကလေးငယ်ရဲ့မျက်နှာအမူအရာကိုကြည့်ပြီး သရုပ်ဆောင်စွမ်းရည်ကတော်လိုက်တာ ၊ အော်စကာဆုရသင့်တယ် စသည်ဖြင့်မျိုးစုံစနောက်ခဲ့ကြပါတော့တယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*