ဇနီးဖြစ်သူသေဆုံးသွားပြီးနောက် နာကျင်ခံစားရလွန်းလို့ ကွန်တိန်နာအတွင်းမှာသာနေထိုင်ခဲ့တဲ့ ဖိနပ်ချုပ်သမားအဘိုးအို

မလေးရှားနိုင်ငံ Ipoh မြို့မှာနေထိုင်လျက်ရှိတဲ့ Uncle Osman အမည်ရှိတဲ့ အဘိုးအိုတစ်ဦးဟာ ဇနီးဖြစ်သူသေဆုံးသွားပြီးတဲ့နောက် ဘဝတစ်ခုလုံးပြင်းပြင်းထန်ထန်ပြောင်းလဲသွားခဲ့ရပါတယ် ။ ဇနီးဖြစ်သူ သေဆုံးပြီးနောက် ပိုင်ဆိုင်ထားသမျှအရာအားလုံးကိုရောင်းချပစ်ခဲ့ပြီး ၊

အခုချိန်မှာတော့ ဖိနပ်တွေပြန်ပြင်ပေးနေတဲ့ အသေးစားကွန်တိန်နာတဲလေးမှာ နေထိုင်နေလျက်ရှိကြောင်း Aus Meshi အမည်ရှိတဲ့အမျိုးသားက Twitter စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပါတယ် ။ ‘ ကျွန်တော့်မိန်းမဆုံးသွားတော့ ကျွန်တော်ပိုင်ဆိုင်တဲ့အရာတွေအားလုံး ရောင်ချပစ်ခဲ့ပြီး ၊ ဒီဆိုင်လေးထဲမှာပဲ အိပ်တယ် ၊ ကျွန်တော့်မှာ သားသမီးလည်း မရှိပါဘူး ‘ ဆိုပြီး Uncle Osman ကပြောပြခဲ့ပါတယ် ။

Aus Meshi ငယ်ရွယ်စဉ်ကလေးဘဝအချိန်ကတည်းက Uncle Osman က ဖိနပ်ချုပ်တဲ့အလုပ်ကိုလုပ်ကိုင်နေခဲ့တာပါ ။ Uncle Osman က သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးရောင်းချပြီးနောက်မှာတော့ ၊ လူအတော်များများက Uncle Osman ရဲ့တဲအိမ်လေးကို ကွန်တိန်နာအဖြစ်ပြုပြင်ပြောင်းလဲပေးခဲ့ကြပါတယ် ။

‘ သူ့ဇနီးဆုံးသွားတော့ လူအတော်အများက သူအတွက်ကွန်တိန်နာအိမ်လေးဆောက်လို့ရအောင် လာရောက်လှူတန်းပေးခဲ့ကြတယ် ၊ အဲ့တော့မှ သူပိုပြီး သက်သောင့်သက်သာဖြစ်ခဲ့ရတာပါ ‘ ဆိုပြီး Aus Meshi ကပြောပြခဲ့ပါတယ် ။ ဖိနပ်ချုပ်သမား Uncle Osman က ဘယ်မှာ ရေချိုးပြီး သန့်စင်ခန်းကို ဘယ်နားသွားလဲဆိုပြီး လူအများကမေးမြန်းခဲ့ချိန်မှာတော့ ‘ အဲ့ပတ်ဝန်းကျင်နားမှ စတိုးဆိုင်တစ်ဆိုင်ရှိတယ် ၊ ဆိုင်ရှင်က Uncle. Osman ကို နေရာလွတ်တစ်ခုပေးပြီး အဲ့မှာပဲ ရေချိုးပြီး အိပ်ခိုင်းစေတယ် ‘ ဆိုပြီး Aus Meshi က ရှင်းပြခဲ့ပါတယ် ။ အခုလို လူတစ်ဦးအပေါ်တစ်ဦးစာနာစိတ်အပြည့်နဲ့ ဂရုစိုက်စောင့်ရှောက်ပေးတဲ့လုပ်ရပ်ဟာ အတော်လေးမွန်မြတ်တယ်လို့ ပြောရမှာပါပဲ ။

Be the first to comment

Leave a Reply

Your email address will not be published.


*