ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ရုတ်တရက် မိချောင်းထွက်လာတာကြောင့် ဝရုန်းသုန်ကားဖြစ်သွားခဲ့ရ

ဆောက်လုပ်ရေး အလုပ်သမားတွေကတော့ သူတို့တွေရဲ့ လုပ်ငန်းခွင်မှာ သာမာန် မြင်တွေ့နေကြမဟုတ်တဲ့ ဖြစ်ရပ်တစ်ခုကို တွေ့မြင်ခဲ့ရပါတယ်။အလုပ်သမားအဖွဲ့လိုက်ကြီးဟာ အလုပ်တည်ရှိရာ Sabah မြို့မှာ အိမ်ယာစီမံကိန်းတစ်ခုကိုဆောက်လုပ်နေတုန်း မိချောင်းတစ်ကောင် ကို လမ်းမပေါ်ကရေဆင်းပိုက်အနားမှာတွေ့ခဲ့ ရတာဘဲဖြစ်ပါတယ်။

ဒီလိုနဲ့ မိချောင်းကို ဖမ်းမှဖြစ်မယ်ဆိုပြီး ၀ိုင်းဝန်းတိုင်ပင်ကာ ကြိုးများဖြင့်လည်းကောင်း ၊ မရှိရှိတာလေးဆွဲပြီးတော့ ဖန်တီးထားတဲ့ လက်နက်များဖြင့်လည်းကောင်း မိချောင်းကို ဖမ်းဖို့ကြိုးစားခဲ့ကြပါတော့တယ်။မိချောင်းလည်း ကြောက်လန့်တကြားနှင့် အလုပ်သမားတွေကို ပြန်လည်ကာတိုက်ခိုက်ခဲ့ပါတော့တယ်။ဒါပေမယ့် အလုပ်သမားတွေအနေနဲ့ ဘယ်လိုမှ ဖမ်းလို့မရတော့တဲ့ နောက်ဆုံး မီးသတ်သမားတွေကို ခေါ်လို့ ဖြေရှင်းခိုင်းခဲ့ရပါတော့တယ်။

မီးသတ်ဌာနနှင့် ကယ်ဆယ်ရေးဌာနမှ ခေါင်းဆောင် ကတော့ မိချောင်းကို သူ့ရဲ့ ရဲဘော်တွေအင်အားနှင့် ဖမ်းဆီးမိခဲ့ပါတော့တယ်။ဒီမိချောင်းကို သေသေချာချာ ထိန်းသိမ်းပြီးနောက် တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနကိုပို့ဆောင်ပေးမှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

ဘယ်သူတစ်ဦးတစ်ယောက်မှလည်း ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်းလည်း ပြောပြခဲ့ပါတယ်အခုထက်ထိ သူတို့တွေအကုန်လုံး ဇဝေဇဝါဖြစ်နေခဲ့တာကတော့ အဲ့ဒီ မိချောင်း ဘယ်လိုလုပ်ပြီး လူတွေအများကြီးကြားထဲ့ကိုရောက်လာခဲ့သလည်းဆိုတာပါဘဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*