ကောင်းကင်ဘုံက ကြောင်ကလေးဆီစာရေးခဲ့တဲ့ ကောင်မလေးကို ပြန်စာပေးခဲ့တဲ့ စာပို့သမား

Nevaeh Lowe အမည်ရှိတဲ့ အသက် 5နှစ်အရွယ် အင်္ဂလန်နိုင်ငံမှာနေထိုင်တဲ့မိန်းကလေးဟာ သေဆုံးသွားခဲ့ပြီးဖြစ်တဲ့ သူမရဲ့အချစ်ဆုံးကြောင်ကလေး Tin Tin ကို Heaven ဆိုတဲ့ နေရပ်လိပ်စာနဲ့ စာရေးသားပေးပို့ခဲ့ပါတယ် ။ သူမနဲ့ ကြောင်ကလေးတို့ဟာ အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့အတွက် ကြောင်ကလေး Tin Tin တစ်ကောင်ထဲ အထီးကျန်နေမှာကို သူမစိုးရိမ်နေခဲ့တာပါ ။

သူမရေးသားပေးပို့တဲ့ စာလေးထဲမှာဆိုရင် ” ငါနင့်ကို အရမ်းလွမ်းတယ် ၊ နင်က ငါ့ရဲ့အကောင်းဆုံးကြောင်ကလေးပဲ ၊ ငါနင့်ကိုချစ်တယ် ပြီးတော့ နင့်ကိုဘယ်တော့မှ မေ့ပစ်မှာမဟုတ်ဘူး ၊ နင့်အတွက် ဓာတ်ပုံလေးထည့်ပေးလိုက်တယ် ချစ်ရတဲ့ Nevaeh ” ဆိုပြီး ရေးသားခဲ့တာပါ ။

Nevaeh ဟာ သူမရဲ့နှလုံးရောဂါကြောင့် Tin Tin သေဆုံးပြီးနောက်ပိုင်း ကောင်းကောင်းအိပ်မပျော်ခဲ့ပါဘူး ။ မိခင်ဖြစ်သူက ကောင်းကင်ဘုံကဝေးလွန်းလို့ စာမရောက်နိုင်ဘူးလို့ပြောပေမဲ့ သမီးလေးက စာပို့ခဲ့တာပါ ။ အံ့သြစွာနဲ့ တစ်ပတ်အကြာမှာတော့ သူမတို့ထံ ပါဆယ်ထုပ်ရောက်လာခဲ့ပြီး သမီးလေးရဲ့စာကို Tin Tin က ပြန်စာပို့ထားတာပါ ။

စာထဲမှာတော့ ” ငါအဆင်ပြေနေတယ်ဆိုတာ နင့်ကိုသိစေချင်တယ် ၊ ငါဒီမှာ သူငယ်ချင်းတွေရနေပြီငါအဲ့မှာ မရှိတော့လို့ နင်ဝမ်းနည်းနေမယ်ဆိုတာသိတယ် ဒါပေမဲ့ ဝမ်းမနည်းပါတော့နဲ့ ၊ ငါနဲ့တူတဲ့ အမွေးဖွာလေးနဲ့ကြောင်ရုပ်လေးပို့ထားတယ် ၊ နင်ဝမ်းနည်းတဲ့အချိန် ဒီကြောင်ရုပ်လေးကိုဖက်ထားပေးနော် ” ဆိုတဲ့ ပြန်စာလေးပါ ။

အဆိုပါစာလေးကိုတော့ Royal mail ဆိုတဲ့စာတိုက်မှ စာပို့သမားတစ်ဦးက ဂရုတစိုက်နဲ့ သမီးလေး Nevaeh ရဲ့စာကိုပြန်ပေးလို့ အတော်လေးဝမ်းသာအံ့သြမိကြောင်း မိခင်ဖြစ်သူကပြောပြခဲ့ပါတယ် ။ သမီးလေး Nevaeh ဟာ အခုချိန်မှာတော့ အရင်ကထက် ပိုပြီးပျော်ရွှင်ကာ ၊ အိပ်စက်နိုင်နေပြီဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောပြသွားခဲ့ပါတယ် ။ သမီးလေး Nevaeh ခံစားနေရတဲ့ သောကဝေဒနာကို နားလည်ပေးပြီး ဂရုတစိုက်စာပြန်ပေးတဲ့ စာပို့သမားရဲ့လုပ်ရပ်ဟာ အတော်လေးကိုလေးစားဖွယ် ကောင်းလွန်းလှပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*