အမြွာကလေး 4ယောက် မွေးဖွားပြီးနောက် ဗိုက်ကြောပြတ်ရာဓာတ်ပုံကိုဝေမျှမိခဲ့လို့ ကဲ့ရဲ့ဝေဖန်ခံနေရတဲ့ မိခင်

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ အမြွာကလေး 4ယောက်ရဲ့မိခင်ဟာ သူမရဲ့ဗိုက်ကြောပြတ်ရာ ဓာတ်ပုံတွေကို social media ပေါ်မှာဝေမျှခဲ့ပြီးနောက် လူအတော်အများရဲ့ကဲ့ရဲ့ခြင်းကိုခံခဲ့ရပြီး အချို့ဆိုရင် အဲ့အပိုင်းကိုပစ်ထုတ်သင့်တယ် ဆိုပြီးတော့တောင်ဝေဖန်ကဲ့ရဲ့ခဲ့ကြပါတယ် ။

ဓာတ်ပုံဝေမျှခဲ့စဉ်အချိန်က သူမရဲ့အသက်ဟာ 23 နှစ်အရွယ်ဖြစ်ပြီး မိခင်ဖြစ်လာပြီးနောက် ယခင်လိုဝမ်းဗိုက်ပုံစံမျိုးပြန်မရနိုင်တော့ကြောင်း သူမက social media ပေါ်မှာဝေမျှခဲ့တာပါ ။ သူမဟာ အမြွာ 4ယောက်ကိုယ်ဝန်ဆောင်ရပြီးနောက်မှာမှ ဝမ်းဗိုက်ပုံစံအတော်လေးပျက်ဆီးခဲ့ရပြီး ၊ မီးဖွာခန်းထဲက ထွက်လာခဲ့တဲ့အချိန်မှာဆိုရင် ရုပ်ဆိုးလွန်းတဲ့ ဝမ်းဗိုက်ပုံစံကိုကြည့်ပြီး သူမရဲ့အသက်ဟာ 21 နှစ်သာရှိသေးတဲ့အတွက် ဝမ်းနည်းပြီးငိုခဲ့ရကြောင်း သူမရဲ့အဖြစ်ကိုပြောပြခဲ့ပါတယ် ။

သူမဟာ ခင်ပွန်းဖြစ်သူ Toh Yang Ming ကို tag ပြီး ‘ ငါ့ရဲ့ဗိုက်ပြန်ပေး’ ဆိုပြီး post တင်ခဲ့တာပါ ။ Internet ပေါ်ကလူအချို့ဆိုရင် သူမရဲ့ရုပ်ဆိုးလွန်းတဲ့ဗိုက်ကြောပြတ်ရာကြောင့် အန်ချင်တယ်ဆိုပြီး သူမကိုကဲ့ရဲ့ခဲ့ကြပေမဲ့ ၊ လူအတော်များများကတော့ သတ္တိရှိလွန်းပြီး ၊ မိခင်ဘဝကိုခံယူခဲ့တဲ့သူမရဲ့လုပ်ရပ်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ‘နင့်ရဲ့အလှ နဲ့ အကြွင်းမဲ့အချစ်မျိုးကိုပဲမြင်တယ် ‘ ၊ ‘ နင်ကလှပတဲ့မိခင်တစ်ယောက်ပဲ ‘ ‘ ဂုဏ်ယူလိုက်စမ်းပါ နင်ကအရမ်းလှတယ်’ စတဲ့ comment မျိုးရေးသားကာ အားပေးခဲ့ကြပါတယ် ။

သူမကတော့ မိခင်တစ်ယောက်ဖြစ်ရတာ ဝမ်းသာဂုဏ်ယူမိကြောင်း နှင့် သူမရဲ့ဗိုက်ကြောပြတ်ရာတွေက ကိစ္စမရှိကြောင်း ၊ အိမ်မှာနေပြီး bikini တွေဝတ်လို့ရသေးကြောင်း နှင့် သူမကသာလျှင် ကိုယ့်ကို perfect ဖြစ်အောင်လုပ်နိုင်သူဖြစ်ကြောင်း ကဲ့ရဲ့ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်ဖြေကြားပေးခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*