လေ့ကျင့်သင်ကြားပေးတဲ့ ကျီးကန်းတွေက ပြင်သစ်ပန်းခြံတစ်ခုမှာ အမှိုက်တွေ လိုက်လံကောက်ပေး

ဒါလေးကတော့ တကယ့်ကိုထူးဆန်းတဲ့ အရာလေးတစ်ခုလို့ပြောရလောက်အောင်ကိုပါပဲ။လေ့ကျင့်သင်ကြားပေးတဲ့ကျီးကန်း ၆ကောင်ဟာ ပြင်သစ်နိုင်ငံ အနောက်ပိုင်း ဗွန်ဒီအရပ်ရဲ့ အချက်အချာနေရာတစ်ခုဖြစ်တဲ့ ပီဒီဖူးပန်းခြံမှာအမှိုက်တွေလိုက်လံကောက်သိမ်းပေး နေတယ်လို့သိရပါတယ်။

လေ့ကျင့်သင်ကြားပေးတဲ့ ကျီးကန်းတွေဟာ ပန်းခြံမှာ လူတွေအမှိုက်ပုံးထဲမထည့်ပဲ အပြင်မှာ စွန့်ပစ်ခဲ့တဲ့အမှိုက်စတွေ၊စီးကရက် ဖင်စီခံတွေကို လိုက်လံကောက်သိမ်းပြီး သီးသန့်ပြုလုပ်ထားတဲ့ အမှိုက်ပုံးတွေထဲကိုသွားရောက် ထည့်ပေးကြတယ်လို့ သိရပါတယ်။

သူတို့ယခုလို အမှိုက်လာထည့်ပါက အဲဒီပုံးလေးတွေကနေ သူတို့အကြိုက်တွေ့စေမယ့် အစားလေးတွေကို သူတို့နှုတ်သီးနဲ့အပြည့်ယူနိုင်တဲ့ အခွင့်အရေးလေးလည်း ဆုကြေးအဖြစ်သက်မှတ်ပေးထားတယ်လို့သိရပြီး ဉာဏ်ကောင်းတဲ့ ငှက်ကလေးတွေဟာဒီစနစ်ကို ခပ်မြန်မြန်နားလည်ခဲ့ကြပီး အမှိုက်တွေကို လိုက်လံကောက်ယူကြတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*