ဂမုန်းပွင့်ကုမ္ပဏီက အခန်း (၁၀၂) ခန်းပါ ဟိုတယ်သစ်ကို ကျန်းမာရေးဝန်ထမ်းများ အသုံးပြုနိုင်ရန်လှူဒါန်း

ဂမုန်းပွင့်ကုမ္ပဏီက အခန်း (၁၀၂) ခန်းပါ ဟိုတယ်သစ်ကို ကိုဗစ်-၁၉ တိုက်ဖျက်ရေး ဆောင်ရွက်နေကြသောကျန်းမာရေးဝန်ထမ်းများအတွက်အသုံးပြုနိုင်ရန်လှူဒါန်း

ဂမုန်းပွင့်ကုမ္ပဏီ မှအသစ်ဆောက်လုပ်ထားသောအခန်း (၁၀၂) ခန်းပါ ဟိုတယ်အဆောက်အဦ သစ်ကို ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းစဉ် များတွင် ၊ ရှေ့တန်းမှစွမ်းစွမ်းတမံ တာဝန်ယူ ဆောင်ရွက်နေကြသော ဆရာဝန်များနှင့်ကျန်းမာရေးဝန်ထမ်းများအတွက် ၊ခေတ္တ နားနေချိန်တွင် နေထိုင် အသုံးပြုနိုင်ရန်၊ အစားအသောက်များ အပါအဝင် ပြည့်စုံစွာ စီမံဆောင်ရွက် ပေးထားပါတယ်။

လေအေးပေးစက်များ ၊ရေပူရေအေး စံနစ်များ၊ အရေးပေါ်မီးစက်များ ကိုလည်း အဆင်သင့်အသုံးပြုနိုင်ရန် တပ်ဆင်ပေးထားပါတယ်။

ရောဂါကပ်ဆိုးကြီးကျရောက်ချိန်တွင်ဂမုန်းပွင့်ကုမ္ပဏီအနေဖြင့်တစ်တပ်တစ်အား ပါဝင်ကူညီခွင့်ရရှိသည့်အတွက်လည်းများစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း နှင့် မြန်မာပြည်သူပြည်သားအပေါင်းလည်း ရောဂါကပ်ဘေးဆိုးကြီး မှ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်း အပ်ပါတယ်။

 

 

zawgyi





 

Be the first to comment

Leave a Reply

Your email address will not be published.


*