ကလေးကိုပျော်အောင်လုပ်ပေးရင်းက ကံဆိုးမိုးမှောင်ကျသွားရတဲ့အခိုက်အတန့်

မိဘတွေကကိုယ့်ကလေးတွေရဲ့မျက်နှာပြုံးနေတာပဲမြင်ချင်ကြပါတယ်။ကလေးပျော်ရွှင်နေဖို့ဆိုရင်ဘာပဲလုပ်ရလုပ်ရဆိုတာမိဘမေတ္တာပါ။ဒါပေမယ့် တစ်ခါတစ်လေတော့ ကိုယ့််ရဲ့ကြီးမားတဲ့မေတ္တာစိတ်ကြောင့်ကိုယ့်ကလေးမှာကြီးမားတဲ့ထိခိုက်ဒဏ်ရာကြီးတွေဖြစ်သွားစေနိုင်တယ်ဆိုတာလည်းသတိပြုရပါမယ်။


Heather Clare ဆိုသူ ကလေးအမေတစ်ဦးဟာ သူမရဲ့ 12လအရွယ်သမီးငယ်လေးMeadow နဲ့အတူကစားကွင်းကိုသွားခဲ့ကြပါတယ်။ ကစားကွင်းရောက်တော့ကလေးက 12 လပဲရှိသေးတာမို့ဘာမှမဆော့တတ်သေးတာနဲ့ အမေကပါဝင်ပြီးဆော့ကစားပေးရတဲ့နေရာတွေရှိလာခဲ့ပါတယ်။မေမေကလည်းမမောနိုင်မပန်းနိုင်သမီးလေးနဲ့အတူလိုက်ဆော့ပေး..သမီးလေးကလည်းတခစ်ခစ်နဲ့ရယ်မောပျော်ရွှင်နေခဲ့ပြီးအရာအားလုံးဟာအဆင်ပြေပြေနဲ့ဖြတ်သန်းသွားနေခဲ့ပါတယ်… ပြန်ပြင်မရတဲ့ကြီးမားတဲ့တစ်စုံတစ်ခုမဖြစ်ပွားသွားခင်အချိန်အထိပေါ့။

အဲ့ဒါကလည်းနောက်မိနစ်အနည်းငယ်အကြာမှာပဲ ဘယ်လိုမှရှောင်လွှဲလို့မရစွာ ဖြစ်ပွားသွားခဲ့ပါတယ်။အဲဒါကတော့…သမီးလေးနဲ့အတူ ကလေးကစားကွင်းရဲ့ လျှောသေးသေးလေးထဲကိုအမေပါအတူလိုက်ဆော့ပြီးလျှောဆင်းပေးခဲ့ရာကကလေးရဲ့ ခြေထောက်သေးသေးလေးဟာ အမေရဲ့ခန္ဓာကိုယ်နဲ့လျှောနံရံကြားမှာ ဆင်းတဲ့တစ်လျှောက်လုံးညှပ်မိနေပြီးကျိုးသွားခဲ့တဲ့အဖြစ်အပျက်ပါ။ ဘာမှမသိရှာတဲ့သနားစရာကလေးလေးကတော့ ခြေထောက်ကျိုးသွားတာတောင်အပြုံးမပျက်ပါဘူး။


Heather က ကလေးကို ကမန်းကတန်းဆေးရုံခေါ်သွားတော့မှပဲ ဒီလိုဖြစ်ရပ်ကြောင့်ဆေးရုံရောက်လာကြတဲ့ကလေးတွေဟာတစ်နှစ်တစ်နှစ်ကိုပမာဏအတော်များကြောင်း ဆရာဝန်တွေရဲ့ပြောစကားအရသိခဲ့ရတယ်လို့ဆိုပါတယ်။ဒါကြောင့်Heather ဟာ ဒီလိုအဖြစ်ဆိုးမျိုး အခြားကလေးတွေနဲ့သူတို့ရဲ့မိဘတွေမကြုံရအောင် သူမရဲ့အဖြစ်အပျက်ကိုsocial media မှာ share ပြီး သတိပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။Heather ရဲ့ဖြစ်အင်ကို ကြားသိရတဲ့ကမ္ဘာအနံှ့ကမိဘတွေလည်း ဒီလိုမျှဝေတဲ့အတွက်ကျေးဇူးတင်ကြောင်းနဲ့ Meadow လေး အမြန်နေပြန်ကောင်းစေဖို့ဆုတောင်းပေးကြောင်းသူမရဲ့ postအောက်မှာ comment ဝင်ပေးထားကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*