ဈေးပေါလွန်းတဲ့ တက်တူးဆိုင်မှာမျက်ခုံးပုံဖော်မိလို့ တစ်ဘဝလုံးအရှက်ရခဲ့တဲ့မိန်းကလေးကို ကူကယ်ပေးခဲ့သူ (ရုပ်သံ)

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Kanyarat Dew Chaichan အမည်ရှိတဲ့ မိန်းကလေးဟာ ဈေးပေါပြီးသက်သာလွန်းတဲ့တက်တူးဆိုင်တစ်ဆိုင်မှာ မျက်ခုံးပုံဖော်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဆိုင်ကဖြစ်ကတတ်ဆန်းလုပ်ပေးလိုက်လို့ သူမရဲ့မျက်ခုံးဟာ မျှော့နှစ်ကောင် တက်ကပ်ထားသလို အတော်လေးရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပါတယ် ။

ထို့ကြောင့် သူမဟာတက်တူးဆရာမ Vilailak Nan Sundantom ကိုရှာဖွေပြီး သူမရဲ့မျက်ခုံးတွေကို ပြန်ပြုပြင်ပေးဖို့ အကူအညီတောင်းခံခဲ့ရပါတယ် ။ ထို့နောက် Kanyarat ဟာ တက်တူးဆရာမ Vilailak နဲ့ online ပေါ်မှာစကားပြောဆိုကြရင်း ၊ မျက်ခုံးပုံစံပြန်ပြုပြင်မဲ့ အခကြေးငွေဟာ ထိုင်းဘတ် 30,000- 50,000 ဝန်းကျင်ခန့် ကုန်ကျမှာကို သိရှိခဲ့ရပါတယ် ။

Kanyarat က Vilailak ရဲ့ဆိုင်ကိုသွားဖို့ ခရီးစရိတ် 200 ဘတ် တောင်မတတ်နိုင်ကြောင်း ဝန်ခံခဲ့ပါတယ် ။ ထို့ကြောင့် Kanyarat က လက်လျှော့အရှုံးပေးလိုက်ပြီး ၊ သူမရဲ့လက်ရှိဘဝပုံစံကိုသာလက်ခံပြီး တစ်ဘဝလုံးနေထိုင်သွားတော့မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ပဲ Kanyarat ရဲ့အဖြစ်ကို Vilailak က စာနာသနားသွားခဲ့ပြီး အခမဲ့ပြုပြင်ပေးဖို့ ကမ်းလှမ်းခဲ့ပါတော့တယ် ။

ထို့ကြောင့် social media အသုံးပြုသူတွေကော ၊ Kanyarat ကပါ Vilailak ရဲ့ စာနာနားလည်းပေးတဲ့စိတ်ကိုအတော်လေး လေးစားခဲ့ကြပြီး ၊ ကျေးဇူးတင်ခဲ့ကြပါတယ် ။ ထို့ကြောင့် ကိုယ့်ရဲ့ကိုယ်ခန္ဓာပေါ်မှာ တစ်ဘဝလုံးစွဲထင်ကျန်ရစ်သွားမဲ့ တက်တူးမျိုးထိုးရင် အကောင်းဆုံးနဲ့ယုံကြည်စိတ်ချရတဲ့ဆိုင်မျိုးကိုသာ ရွေးချယ်သင့်ပါကြောင်း သတိပေးလိုက်ရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*