
လူတော်တော်များများကတော့ ကိုယ့်ဘေးမှာ လူရှိနေတာတို့ အုပ်စုလိုက်ကြီးရှိနေတာတို့ ၊ အလင်းရောင်ကောင်းကောင်းရှိနေတဲ့ နေရာတို့ဆိုရင် သိပ်ပြီးတော့ မကြောက်တက်ကြပါဘူး။ဒါပေမယ့် မလေးရှားနိုင်ငံ Bandai Hilir မှာရှိတဲ့ ရဲစခန်းတစ်ခုကလူအုပ်စုလိုက်ကြီးကတော့ အလင်းရောင်ကောင်းကောင်းရှိနေတဲ့ အချိန်မှာတောင်မှ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။
ရဲစခန်းရဲ့ ကောင်တာရှည်ရှေ့နားမှာ ဘေးနားမှာ ရဲဝန်ထမ်းတွေ တစ်ယောက်နှင့်တစ်ယောက်စကားတွေ ဖောင်ဖွဲ့နေကြတုန်း စခန်းရှေ့က တံခါးတွေဟာ ရုတ်တရက် သူ့အလိုလို ဒေါသတစ်ကြီးနှင့် ပွင့်သွားခဲ့ပါတော့တယ်။
ဗီဒီယိုထဲမှာ ဆိုရင်တော့ ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်း မြင်ရမှာဘဲဖြစ်ပါတယ်။တံခါးနားမှာ ဘယ်သူမှမရှိပါဘဲနဲ့ သူ့အလိုလို ပွင့်သွားခဲ့တာဘဲဖြစ်ပါတယ်။အံ့သြသင့်စွာနဲ့ဘဲ ၀န်ထမ်းတွေဟာ တံခါးနားကို လျှောက်သွားကာ စစ်ဆေးကြည့်နေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။
ဘယ်လိုမှ အကြောင်းအကျိုးမသင့်တော်တဲ့ အဖြေတွေကိုတောင်ရှာမရတဲ့ နောက်ဆုံး ကိုယ်ပိုင်ဖုန်းတွေကို ထုတ်လို့ တံခါးကို ဓာတ်ပုံတွေထုတ်ရိုက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။
Leave a Reply