တောင်းစားတဲ့ ဘ၀ ရောက်ခဲ့စဉ်က ကူညီပေးခဲ့တဲ့ သူကို ပြန်လည် ကျေးဇူးဆပ်သူ

တရုတ် နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဟာ ဆင်းရဲ ဒုက္ခရောက်ခဲ့စဉ်မှာ နွေးထွေးစွာ ကူညီခဲ့တဲ့ အမျိုးသမီး တစ်ဦးကို ပြန်လည် ကျေးဇူးဆပ်ဖို့ ကြိုးစားခဲ့ပါတယ်။ရွန်ဖုန် အမည်ရ စီးပွားရေး လုပ်ငန်းရှင်ဟာ အသက် (၁၇) နှစ် အရွယ်မှာ ဆင်းရဲ ဒုက္ခမျိုးစုံနဲ့ ကြုံ တွေ့ခဲ့ ရပါတယ်။


အဲဒီအချိန်မှာ သူ့ကိုနွေးထွေးစွာ ဆက်ဆံခဲ့တဲ့ အမျိုးသမီးကို ပြန်လည် ကျေးဇူးဆပ်တဲ့ အနေနဲ့ ယွမ်ငွေ တစ်သန်း (ဒေါ်လာ ၁၆၀ ၀၀၀) ပေးသွားဖို့ ကြိုးစားခဲ့ပါတယ်။ရွန်ဖုန်ဟာ ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာခဲ့သူ ဖြစ်ပြီး တစ်နယ်တကျေးမှာ သွားရောက် အလုပ်လုပ်ဖို့ သူငယ်ချင်းဖြစ်သူတွေနဲ့ အတူ ထွက်လာခဲ့ပါတယ်။

ဒါပေမဲ့ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရပြီး တောင်းစားတဲ့ ဘဝကို ရောက်ရှိလာခဲ့ ပါတယ်။ လမ်းဘေးမှာ ဖြစ်သလို စားသောက် ပြီး ဖြတ်သန်း ခဲ့တဲ့ နေ့ရက်တွေ အများအပြားရှိခဲ့ ပါတယ်။
ဒီလို အခြေအနေမျိုးမှာ ခေါက်ဆွဲဆိုင် ဖွင့်ထားတဲ့ အမျိုးသမီး တစ်ဦးက ရွန်ဖန်ကို ကူညီမှုတွေ ပေးခဲ့ပါတယ်။ ရွန်ဖုန်ကို ဆိုင်ကို ခေါ်ယူပြီး အစားအသောက် ကောင်းတွေ ကျွေးမွေးခဲ့ ပါတယ်။ အိပ်ယာ ထိုင်ခင်းတွေ စီစဉ်ပေးခဲ့သလို ပြန်တဲ့ အခါ မှာ လည်း လမ်းစရိတ်တောင် ထုတ်ပေးခဲ့ပါတယ်။
ဒုက္ခရောက်စဉ် ကာလမှာ အကူအညီပေးခဲ့တဲ့ အမျိုးသမီးကို ရွန်ဖုန်က အမြဲတမ်း အမှတ်ရနေခဲ့ ပါတယ်။ လက်ရှိ အချိန်မှာတော့ ရွန်ဖန်ဟာ ပရိဘောဂ လုပ်ငန်းတွေနဲ့ ချမ်းသာ ကြွယ်ဝလာခဲ့ပါတယ်။ဒါကြောင့် ရွန်ဖန်ဟာ သူ့ကိုကူညီပေးခဲ့တဲ့ အမျိုးသမီ ကို ပြန်လည် ရှာဖွေပြီး ကျေးဇူးဆပ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ စားသောက်ခဲ့ ဖူးတဲ့ ခေါက်ဆွဲဆိုင်ကို သွားရောက် ရှာဖွေရာမှာ တွေ့ခဲ့ခြင်း မရှိပါဘူး။

ဒါပေမဲ့ အခက်အခဲ မျိုးစုံကြားကနေ ရှာဖွေပြီးတဲ့နောက် ကျေးဇူးရှင် အမျိုးသမီးကို တွေ့ရှိခဲ့ပါတယ်။ဒီအမျိုးသမီးရဲ့ နာမည်က ဒိုင်ယာဖြစ်ပြီး ရွန်ဖန်ရဲ့ ငွေကြေး ဖြင့် ကူညီမှုကို လုံး၀ လက်ခံခဲ့ခြင်း မရှိပါဘူး။ဒိုင်ယာက ဘာရည်ရွယ်ချက်မှ ရရှိစေလိုတဲ့ သဘောနဲ့ ရွန်ဖန်ကို ကူညီပေးခဲ့တာ မဟုတ်ကြောင်း၊ ဒါကြောင့် မို့ရွန်ဖန်ရဲ့ ကူညီမှုတွေကို လက်မခံခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရွန်ဖန်ဟာ ငွေကြေးနဲ့ ကူညီမရနိုင်တဲ့ အဆုံးမှာတော့ ဒိုင်ယာ ဟာ မြင့်မိုရ်တောင် နီးပါးလောက် ကျေးဇူးတွေကြီးမားကြောင်း အားလုံး ထင်သာမြင်သာ တွေ့စေနိုင်မယ့် ကြီးမားတဲ့ ဆိုင်းဘုတ်တစ်ခုကို လက်ဆောင် အဖြစ် ပေးအပ်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*