အူယားစရာကောင်းတဲ့တရုတ်ပြည်က ကမ္ဘာကျော်မှန်တံတားပေါ်မှာ ဘီကီနီလေးတွေနှင့်အလှပြကြတဲ့ မော်ဒလ်မလေးတွေ

တရုတ်ပြည်မှာ ကမ္ဘာကျော်သွားအောင်ကို ကြောက်ဖို့ကောင်းတဲ့ တံတားတစ်ခုရှိပါတယ်။ အဲ့ဒီ တံတားရဲ့ ပုံရိပ်တွေ ကိုလည်း fb စာမျက်နှာတွေမှာ တွေ့တွေ့နေရပါတယ်။ မြင်ဖူးကြတဲ့ လူတွေလည်းရှိမှာပါ။ဒီတံတားရဲ့ ထူးခြားချက် ကတော့ အမြင့်ပေပေါင်းများစွာအပေါ်မှာ တက်ဆောက်ထားတဲ့ တံတားဖြစ်တဲ့ အပြင် တံတားအောက်ကြမ်းခင်းက မှန်သားဖြစ်နေတဲ့ အတွက် လျှောက်လှမ်းရသူတွေကတော့အသည်းတအေးအေး  ရင်တဖိုဖိုဖြစ်မှာ အမှန်ပါဘဲ။ တချို့သော ယောက်ကျား အရင့်အမာကြီးတွေတောင်မှဘဲ လမ်းတဝက်မှာတင် ဒူးထောက်ထိုင်ချရလောက်တဲ့ အထိ ကြောက်လန့်ဖို့ကောင်းပါတယ်။

ဒါပေမယ့် ဘီကီနီလေးတွေ ရောင်စုံကိုယ်စီဝတ်ထားကြတဲ့ တရုတ်ပြည်က မော်ဒလ်မလေးတွေ တစ်စုကတော့ ဓာတ်ပုံ ရိုက်ကွင်းတစ်ခုအတွက်ဆိုပြီးတော့ အစောပိုင်းက တင်ပြခဲ့တဲ့ အဲ့ဒီ တံတားကြီးပေါ်မှာ ယုံကြည်မှု့အပြည့် ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိဘဲနှင့် အမှန်အကန် ပိုစ့်တွေ တက်ပေးခဲ့ကြပါတယ်တဲ့။

အမယ်လေးဗျာ!! တကယ့် အာဂမိန်းမတွေပါဘဲလား။ အပြောချည်းဘဲဆိုရင်တောင် ယုံမိမှာ မဟုတ်ပါဘူး။ သူတို့တွေ ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေကို ကြည့်မိတော့မှဘဲ တကယ်ပါလားဟ ဆိုပြီး သြချရလောက်တဲ့ အထိဖြစ်ခဲ့ရပါတယ်။

ဓာတ်ပုံတွေကိုလည်း တပါထဲ ဖော်ပြထားပါတယ်။ အခုလိုဓာတ်ပုံတွေကို သက်စွံ့ဆံဖျားရိုက်ကူး ခဲ့ရတဲ့ ရည်ရွယ်ချက် ကတော့ ပြည်တွင်းအလှမယ်ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ “ခရီးသွားကိုယ်စားလှယ် အလှမယ်” ပြိုင်ပွဲအတွက်ဘဲဖြစ်ပါတယ်တဲ့။

မော်ဒလ်တွေကတော့ ခြေဗလာတွေနှင့် အမြင့်ပေတစ်ထောင်ကျော်ပေါ်မှာ တကယ့်ကို လှလှပပရိုက်ကူး ခဲ့ကြပါ တယ်။သူတို့တွေရဲ့ အရည်အချင်းနှင့် အခက်အခဲတွေ ကြုံလာရင် ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ သတ္တိတွေရှိ လာနိုင်ဖို့ အတွက်ရည်ရွယ်ချက် နှင့် ဒီတံတားပေါ်မှာ အခုလိုရိုက်ကူးခိုင်းခဲ့တာပါဆိုပြီးတော့ ပွဲစီစဉ်သူ တစ်ယောက် ကပြောခဲ ့ ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*