
လစာ အဆမတန် တိုးပေးတဲ့ သူဋ္ဌေးကို ကားသစ်ပြန်ဝယ်ပေးတဲ့ ဝန်ထမ်းများ
လစာ အဆမတန်တိုးပေးသည့် ကုမ္ပဏီ သူဌေး အတွက် ဝန်ထမ်း များကကားသစ်တစ်စီး ဝယ်ပေးလိုက်ကြောင်း အေပီသတင်းတွင်ဖော်ပြထားသည်။
Gravity Payments ကုမ္ပဏီသူဌေး ဒန်ပရိုက်စ်က ၎င်းလက်ဆောင်ရသည့်အကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ခြင်းဖြစ်သည်ဟု ဆီယက်တမ်တိုင်းစ်သတင်းကိုကိုးကားကာ အေပီက ဖော်ပြထားခြင်းဖြစ်သည်။
“ဝန်ထမ်းတွေက ခြောက်လလုံးလုံး ပိုက်ဆံစုပြီး ကျွန်တော် အရမ်းလိုချင်နေတဲ့ကားကို ဝယ်ပေးကြတာ“ ဟု၎င်းက ရေးသားထားသည်။
သူဌေးပရိုက်စ်သည် အကြွေးဝယ်ကတ်ဖြင့် ငွေပေးချေသည့် ဝန်ဆောင်မှုကုမ္ပဏီကို ထောင်ထားသူ ဖြစ်ပြီး ၎င်းက ဝန်ထမ်းပေါင်း ၁၃၀ လုံးကို ပြီးခဲ့သည့်နှစ်က စကာ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၇၀,၀၀၀ အထိ တိုးပေးခဲ့သည်။
Leave a Reply