သားငယ်လေးကို ကျန်းမာရေးကောင်းအောင်ဆိုပြီး ဖားလောင်းအရှင်လတ်လတ်တွေ ကျွေးခဲ့တဲ့မိခင် (ရုပ်သံ)

တရုတ်နိုင်ငံက မိခင်တစ်ဦးကတော့ သူမရဲ့သားလေးအသက်ရှည်အနာကင်းပြီးကျန်းမာအောင်ဆိုပြီးတော့ ဖားလောင်းအရှင်လတ်လတ်တစ်ပန်းကန်လုံးကို သားငယ်လေးအားတိုက်ကျွေးခဲ့ပါတယ် ။ အဆိုပါ video ဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက် လူအတော်အများက ဗဟုသုတမရှိဘဲညံ့ဖျင်းလွန်းတဲ့မိခင် ဆိုပြီးဝိုင်းဝန်းအပြစ်တင်ခဲ့ကြပါတော့တယ် ။

တရုတ်နိုင်ငံရှိဆရာဝန်များကတော့ မချက်ပြုတ်ထားတဲ့အစားအစာတွေဆီကနေ ရှားပါးရောဂါကူးစက်နိုင်ပြီး တုတ်ပြားကောင်စတဲ့ရောဂါများကူးစက်နိုင်ကြောင်း ရှင်းပြခဲ့ပါတယ် ။ သို့ပေမဲ့ကလေးငယ်ရဲ့မိခင်ကတော့ ဖားလောင်းအရှင်လတ်လတ်စားသုံးခြင်းဟာ ကျန်းမာရေးကောင်းမွန်စေကြောင်း ခိုင်ခိုင်မာမာတုံ့ပြန်ပြောဆိုခဲ့ပါတယ် ။

ဆရာဝန်များကတော့ ကောင်မွန်စွာချက်ပြုတ်ထားခြင်းမရှိတဲ့အကောင်တွေကနေ ပြင်ထန်တဲ့ရောဂါမျိုးကူးစက်နိုင်ကြောင်း နှင့် ဖားလောင်းများမှာလည်း ကပ်ပါးကောင်များပါရှိတဲ့အတွက် ခန္ဓာကိုယ်အတွင်းရောဂါပြန့်ပွားမှုများအလျင်အမြန်ဖြစ်စေကြောင်း သတိပေးပြောဆိုခဲ့ရပါတယ် ။

Social media အသုံးပြုသူအတော်များများကလည်း မိခင်ဖြစ်သူကို ကလေးငယ်အားအန္တရာယ်များလွန်းတဲ့အစားအစာများကျွေးခဲ့လို့ အပြင်းအထန်ဝေဖန်ခဲ့ကြပြီး ၊ အချို့ဆိုရင် ကလေးငယ်ရဲ့မိခင်တွေအနေနဲ့ ကလေးတွေကိုဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာ အစိုးရဖက်က ပညာပေးသင်ကြားပေးသင့်ကြောင်း ထင်မြင်ချက်များပြောဆိုရေးသားခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*