ATM ထဲကပိုက်ဆံတွေများထွက်လာလေမလားဆိုပြီး စက်ထဲကိုဆိုဒါရည်တွေ လောင်းချခဲ့တဲ့ အမျိုးသမီးရဲ. ရလဒ်

သူမရဲ့ ပိုက်ဆံတွေပြန်များထွက်လာမလား ဆိုတဲ့ အတွေးနှင့် စက်ထဲကို ဆိုဒါတွေလောင်းထည့် နေတဲ့ အမျိုးသမီး တစ်ယောက်ကို CCTV ကနေတွေ့ခဲ့တာဘဲဖြစ်ပါတယ်။တရုတ်ပြည်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ဂွမ်ရှီပြည်နယ်က အသက် ၃၃နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။သူမ အခုလိုပြုလုပ် ခဲ့တာကြောင့်လည်း ပုဂ္ဂလိပိုင်ပစ္စည်းကို ပျက်ဆီးစေမှု့ဖြင့် ရဲက ဖမ်းဆီးခဲ့ပါတယ်။

စစ်ဆေးမေးမြန်းကြည့်တဲ့ အခါမှာတော့ လွန်ခဲ့သော နှစ်လခန့်အကြာတုန်းက ရဲအယောင်ဆောင်ထားသော အမျိုးသားတစ်ယောက် ဟာ သူမဆီကိုရောက်လာခဲ့ပြီးတော့ လိမ်လည်ခဲ့ကြောင်း၊ သူမရဲ့ ဘဏ်အကောင့်ဟာဆိုရင် မလုံခြုံတော့တာကြောင့် လုံခြံုသော အကောင့်ဆီကို ဒေါ်လာ ရ၂၈ဒေါ်လာ လွှဲပြောင်ပေးဖို့ ပြောဆိုခဲ့တာကြောင့် သူမလည်း လွှဲပြောင်းပေးခဲ့ပါတယ်ဆိုပြီး ပြောပြခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ အမျိုးသမီးဟာ ၎င်းရဲအလိမ်ကို ဖုန်းဆက်ကာ သူမရဲ့ ပိုက်ဆံတွေကို ဘယ်လိုပြန်ထုတ်လို့ရနိုင်မလည်း ဆိုပြီးမေးကြည့်ခဲ့ပါတယ်။


ဒီအခါမှာ လူလိမ်ရဲကတော့ ATM စက်ထဲကကို ဆိုဒါတွေ လောင်းထည့်လိုက်ယုံနှင့် ပိုက်ဆံတွေပြန်ရမှာဖြစ်ကြောင်း ပြောပြခဲ့တာကြောင့် ရိုးသားသူ သူမအနေနဲ့ အထက်ပါအတိုင်း လုပ်မိခဲ့တာဖြစ်ပါတယ်ဆိုပြီးတော့ ၀န်ခံစကား ဆိုခဲ့ ပါတယ်။စက်ထဲကို ဆိုဒါအရည်တွေလောင်းထည့်ခဲ့မိတဲ့ အတွက်ကြောင့် သူမကိုလျှော်ကြေး ပေးဆောင်ဖို့ အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*