တကယ့်အံ့သြဖွယ်ရာ မြေအောက်ကမ္ဘာသစ်ကို တွေ့ရှိခြင်း

၁၉၉၁ ခုနှစ်တုန်းက ဗီယက်နမ်နိုင်ငံ Phon Nha-Ke Bang သဘာဝဥယျာဉ်ထဲမှာ တစ်ခါမှ လူသူအရောက်အပေါက်မရှိခဲ့တဲ့ ဂူကြီးတစ်ခုကို လယ်သမားတစ်ဦးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဝင်ပေါက်အစမှာ ရေကြောင့်ဖြစ်တဲ့ ကြောက်စရာမြည်ဟိန်းသံကြီးတွေကြောင့် သူ့အနေနဲ့ အထဲကို ဝင်မကြည့်ခဲ့ပါဘူး ။ ဒီဂူကြီးကို ဒေသခံတွေက Son Doong လို့ အမည်ပေးခဲ့ပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဝင်ရောက်စူးစမ်းဖို့ မရဲခဲ့ပါဘူး။

ဒါပေမယ့်လည်း ၂၀၀၉ ခုနှစ်မှာတော့ Howard Limbert ဦးဆောင်တဲ့ ဗြိတိသျှပညာရှင် အဖွဲ့ဟာ ဒီဂူကြီးထဲကို ဝင်ကြည့်ကြဖို့ ဆုံးဖြတ်ပြီး ဝင်ရောက်ခဲ့ကြပါတယ် ။ သူတို့ရှာဖွေတွေ့ရှိချက်အရ ဒီဂူကြီးဟာ ငါးကီလိုမီတာ ရှည်ပြီး ၁၅၀ မီတာ ကျယ်ပါတယ်တဲ့ ။ သူတို့က ဒါဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော ဂူကြီးဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒီထူးခြားတဲ့နေရာမှာ သူ့ကိုယ်ပိုင် ပန်းပွင့်တွေ ၊ တိရိစ္ဆာန် ၊ ရေကန်နဲ့ အခြားစိတ်ဝင်စားဖွယ်တွေ ရှိပါတယ် ။ ဒီထဲက စိတ်ဝင်စားစရာ ဓါတ်ပုံအချို.ကို မျှဝေပါရစေ

ဒီဂူကြီးရဲ. အတွင်းပိုင်းကိုရောက်ဖို့ ရှစ်ဆယ်မိတာလောက် ကြိုးနဲ့ အောက်ကို ဆင်းရပါတယ်။

ဂူထဲမှာ တွေ့ရတဲ့ မြစ်ပါ

သေးငယ်ပြီး အရောင်အသွေးစုံတဲ့ ရေကန်ငယ်နဲ့ ကမ်းခြေလေး

ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်းတွေလည်း ရှိရဲ.

 

 

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*