မိန်းကလေးတစ်ယောက်ကို ၁၄ စက္ကန့်ကြာ ဆက်တိုက် စိုက်ကြည့်တာနဲ့ ထောင်ကျနိုင်တဲ့နေရာ

မိန်းကလေးတစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်အောင် ၁၄ စက္ကန့်နီးပါး ဆက်တိုက်စိုက်ကြည့်နေတာနဲ့ တိုင်ကြားနိုင်ပါတယ်လို့ ရဲမင်းကြီး Rishi Raj Singh က တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အဆင့် ကျောင်းသားများ စီမံချက်အခမ်းအနားပွဲမှာ ပြောကြားခဲ့ပါတယ်။


အမျိုးသမီးများ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ငရုတ်ကောင်းဖျန်းဆေးဗူးတွေကို အသုံးပြုနိုင်သလို ကိုယ်ခံပညာသင်ကြားထားခြင်းကလည်း လက်တွေ့ကျတဲ့ ကာကွယ်မှုတစ်ခုဖြစ်ပါတယ်။ ၎င်းက အမျိုးသမီးတွေကို မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့အတွက် ၎င်းတို့ကို ကျူးလွန်လာမယ့် ရာဇဝတ်မှုအရိပ်အယောင်တွေ့တာနဲ့ သတင်းပို့နိုင်ကြောင်း၊ တစ်စုံတစ်ယောက်က အပြောနဲ့ဖြစ်စေ အလုပ်နဲ့ဖြစ်စေ မဖွယ်မရာတစ်ခုခုလုပ်ခဲ့တာနဲ့ ရဲကို ချက်ချင်းအသိပေးဖို့နဲ့ ရဲတွေအနေနဲ့လည်း အရေးယူဆောင်ရွက်နိုင်ဖို့ ကြိုးစားဖို့လိုအပ်တဲ့အကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အမျိုးသမီးတွေအနေနဲ့ ကာကွယ်ဖို့အတွက် လက်နက်တစ်ခုခု သို့မဟုတ် ငရုတ်ဖျန်းဆေးဘူး မပါလာခဲ့ရင်လည်း ကိုယ့်ကို ၁၄ စက္ကန့်ထက်ပိုပြီး စိုက်ကြည့်နေတဲ့သူတစ်ဦးဦးရှိတာနဲ့ ရဲကို အကြောင်းကြားနိုင်ပြီလို့ ဆိုတဲ့ Singh ရဲ့ ထုတ်ပြန်ချက်ကို မေးခွန်းထုတ်တဲ့သူများစွာရှိနေပါတယ်။

မိန်းကလေးကို လက်ထပ်ခွင့်တောင်းဖို့ မိန်းကလေး နောက်ကနေ လိုက်လာတဲ့ သတိုးသားလောင်းဆိုရင်ရော ထောင်ကျတာနဲ့ အဆုံးသတ်သွားမှာလား။ မျက်မှတ်တပ်ထားတဲ့ လူတစ်ယောက် စိုက်ကြည့်နေရင်ရော ဒီပြစ်ချက်မှာ အကျုံးဝင်နိုင်သလား။ ၁၄ စက္ကန့်မက ကြည့်နေပေမဲ့ မျက်တောင်ခတ်လိုက်ရင် ဆက်တိုက်မဟုတ်တော့လို့ ပြစ်မှုမမြောက်နိုင်ဘူးပေါ့ ဆိုတဲ့ ဝေဖန်ချက်များစွာနဲ့ ရင်ဆိုင်နေရတဲ့ ထုတ်ပြန်ချက်ကြောင့် တိုင်ကြားလာသူတစ်ဦးမှတော့ အခုအချိန်ထိ မရှိသေးဘူးလို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*