သမီးဖြစ်သူရဲ့အခန်းနံရံမှာကပ်နေတဲ့ ထူးထူးဆန်းဆန်းအရာကြောင့် မိသားစုတွေထိတ်လန့်တကြားဖြစ်

နိုင်ငံရပ်ခြားကမိသားစုတွေမှာဆိုရင် ကလေးတွေနဲ့မိဘတွေက အိပ်ခန်းသီးသန့်စီသုံးကြတာကို အားလုံးသိပြီးသားဖြစ်မှာပါ။မိဘတွေကတစ်ခန်း၊ကလေးတွေကသက်သက်တစ်ခန်းပေါ့။ဒါပေမဲ့ အဲ့ဒီလိုခွဲအိပ်တဲ့အခါမှာလည်း ကိုယ့်သားသမီးတွေရဲ့အခန်းထဲကို တစ်နေ့ကိုတစ်ခါလောက်ပုံမှန်ဝင်ကြည့်တာ မျိုးရှိသင့်တယ်ဆိုတာ ဒီသတင်းလေးကသက်သေပြနေပါတယ်။

Mirror သတင်းမီဒီယာရဲ့ဖော်ပြချက်အရ သမီးဖြစ်သူရဲ့အခန်းထဲကို ဝင်ကြည့်လိုက်တဲ့အခါမှာသမီးဖြစ်သူရဲ့နံရံပေါ်မှာ ဘာမှန်းမသိတဲ့ထူးဆန်းတဲ့အရာတစ်ခုကပ်နေတာကို ထိတ်လန့်တကြားမြင်တွေ့ခဲ့ရတယ်လို့သိရပါတယ်။ အိပ်ခန်းနံရံမှာကပ်နေတဲ့အရာကြောင့် သမီးဖြစ်သူကို တစ်ယောက်တည်းတောင်မအိပ်ခိုင်းတော့ပါဘူးတဲ့။

ပုံထဲမှာတွေ့ရတဲ့အတိုင်း သင်ဆိုရင်လည်း အဲ့ဒီအရာကဘာလဲသေချာသိမှာမဟုတ်ပါဘူး။အညိုရောင်လိုလို အမည်းရောင်လိုလိုနဲ့ထူးဆန်းတဲ့အရာကို ထိုအမျိုးသမီးကမိဘတွေချည်းသီးသန့်သုံးကြတဲ့ဝဘ်ဆိုက်တစ်ခုမှာတင်ခဲ့ပြီး တစ်ခြားသူတွေကိုမေးမြန်းခဲ့ပါတယ်။ဘာလဲပေ့ါ။သူမရဲ့အမျိုးသားကလည်းခရီးထွက်နေချိန်ဆိုတော့ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတာပါ။


အဲ့ဒီပုံကဘာမှန်းသေချာမသိပေမဲ့ အားလုံးကထိတ်လန့်တကြားကောမန့်တွေ သာရေးခဲ့ကြပါတယ်။ အဲ့ဒါကြီးသူတို့အိမ်မှာပေါ်လာရင်ကြောက်လို့နေရဲမှာမဟုတ်ဘူးတို့၊တစ်ချို့ကလည်း အဲ့ဒါကြီးကို ထုခွဲပစ်လိုက်ဖို့အကြံတွေပေးထားကြပါတယ်။တစ်ချို့ကတော့ ခရုအသိုက်ဖြစ်မယ်တို့၊နကျယ်ကောင် အသိုက်ဖြစ်မယ်တို့ပြောထားကြပါတယ်။ထိုအမျိုးသမီးကတော့ ဘာမှန်းမသိထူးဆန်းတဲ့အရာကြီးသမီးဖြစ်သူရဲ့အခန်းနံရံမှာပေါ်လာတာကြောင့်တစ်ခုခုဖြစ်မလားဆိုပြီးတော့ကြောက်လန့်နေတယ်လို့သိရပါတယ်။သင်ရော အဲ့ဒီအရာက ဘာများလဲသိလား?

Be the first to comment

Leave a Reply

Your email address will not be published.


*